ယခုနှစ်ရာသီမှာ အသင်းကို ပြောင်းရွှေ့ရောက်ရှိလာပေမယ့် ခြေစွမ်းမပြနိုင်ပဲ အသင်းမှာ နေရာရရှိဖို့ ရုန်းကန်နေရတယ်လို့ သုံးသပ်ဖော်ပြနေတဲ့ ဘာကာယိုကိုနဲ့ ဒရင့်ဝေါ်လ်တာတို့နဲ့ ပက်သက်ပြီး ချဲလ်ဆီး နည်းပြ ကွန်တီက ပြန်လည်ခုခံ ပြောကြားခဲ့ပါတယ်။

play

 

မိုနာကိုအသင်းကနေ ပြောင်းရွှေ့လာတဲ့ ဘာကာယိုကိုနဲ့ လက်စတာအသင်းကနေ ခေါ်ယူထားတဲ့ ဒရင့်ဝေါ်လ်တာတို့မှာ ချဲလ်ဆီးအသင်းမှာ နေရာ ရရှိရေးအတွက် တိုက်ပွဲဝင်နေကြရတာ ဖြစ်ပါတယ်။

play

 

ချဲလ်ဆီးအသင်းမှာ ယခုနှစ်ရာသီမှာ ချန်ပီယံဘွဲ့ကာကွယ်ရမှာ ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ထိပ်ဆုံးက ဦးဆောင်နေတဲ့ မန်စီးတီးနောက် ၁၄ မှတ်အထိ ကွာဟနေပြီဖြစ်တာကြောင့် မလွယ်ကူတော့တဲ့ အနေအထားမှာ ရောက်နေခဲ့ရပြီလည်း ဖြစ်ပါတယ်။

အဓိက ပြဿနာကတော့ အသစ်ခေါ်ယူထားခဲ့တဲ့ အဆိုပါ ကစားသမားများမှာ အသင်းနဲ့ အံဝင်နိုင်ခြင်း မရှိသေးပဲ ယနေ့အချိန်အထိ အသင်းမှာ အသားကျဖို့ ရုန်းကန်နေရတာကြောင့် ဖြစ်တယ်လို့ မီဒီယာတွေက သုံးသပ်ဖော်ပြနေခဲ့ပေမယ့်လည်း နည်းပြကွန်တီကတော့-"ရာသီအစမှာ သူတို့တွေ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတာ အားလုံးအမြင်ပါပဲ။အပြောင်းအလဲ တစ်ခုဖြစ်ပေါ်ပြီဆိုရင် ဒါက သာမာန်ပြဿနာ တစ်ခု ပါပဲ။သူတို့အသင်းနဲ့ အံ့ဝင်ဖို့ အချိန်လိုပါသေးတယ်။ဒါက လွယ်ကူတယ်တော့ မဟုတ်ပါဘူး။အရေးကြီးဆုံး တစ်ရပ်ကတော့ ကျွန်တော်တို့ အတူ တကွ ဆက်လက်ပူးပေါင်းနေနိုင်ဖို့ပါ။" ခုခံ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းမှာ ဒီဇင်ဘာ ပွဲကြပ်ကာလပွဲစဉ်တစ်ပွဲအဖြစ် ဟတ်ဒါဖီးလ်အသင်းနဲ့ အဝေးကွင်းသွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video