၂၀၁၄ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ ချဲလ်ဆီးအသင်းကို ဘာစီလိုနာအသင်းမှ ဖာဘရီဂတ်ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ ဂန္တ၀င်ကစားသမား တစ်ဦးဖြစ်တဲ့ ဖရန့်လမ်းပတ်မှာ အသင်းက ထွက်ခွာခဲ့ပါတယ်။

play

 

ဒီနေ့ အချိန်ထိ လမ်းပတ် ဘာ့ကြောင့် ချဲလ်ဆီးက ထွက်ခွာခဲ့လဲဆိုတဲ့ အဖြေကို တိတိကျကျ မည်သူမျှ သိနိုင်ခြင်း မရှိခဲ့ပဲ ယနေ့ မှာတော့ လမ်းပတ်က ထုတ်ဖော်ပြောလိုက်ပြီလည်း ဖြစ်ပါတယ်။

play

 

လမ်းပတ်အနေနဲ့ ဖာဘရီဂတ်နဲ့ တစ်သင်းတည်းမှာ ကစားလိုခြင်း မရှိတာကြောင့် အခုလို အသင်းကနေ ထွက်ခွာခဲ့ရခြင်း ဖြစ်တယ်လို့ ထုတ်ဖော် ပြောလိုက်ပါတယ်။

"ကျွန်တော်တို့နှစ်ယောက် ကွင်းထဲမှာ ဘယ်လိုမှ အဆင်ပြေပြေ ကစားနိုင်မှာ မဟုတ်ပါဘူး။ဒါကြောင့် ချဲလ်ဆီးကနေ ကျွန်တော် ထွက်ခွာခဲ့တာ ပါ။" လို့ လမ်းပတ်က ပြောခဲ့ပါတယ်။

လမ်းပတ်နဲ့ ဖာဘရီဂတ်တို့မှာ ၂၀၀၇ ခုနှစ် ကားလင်းဖလား ဗိုလ်လုပွဲမှာ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ တွေ့ဆုံစဉ်ကတည်းက ပွဲချိန်အတွင်း အချင်းများခဲ့ရာမှ ယနေ့ အချိန်ထိ တစ်ဦးနဲ့ တစ်ဦး မသင့်မမြတ်ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၂ ခုနှစ်တုန်းက ချန်ပီယံလိဂ်မှာ ချဲလ်ဆီးနဲ့ ဘာစီလိုနာအသင်းတို့ တွေ့ဆုံစဉ်တုန်းကလည်း အချင်းများခဲ့ဖူးပါတယ်။

လမ်းပတ်အနေနဲ့ နောက်ပိုင်းမှာ မန်စီးတီးအသင်းထံ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ထိုမှတဆင့် အမေရိကန်မေဂျာလိဂ်သို့ သွားရောက်ကစားခဲ့ပြီး ကစားသမားဘ၀က အနားယူခဲ့တာ ဖြစ်ပါတယ်။

ယနေ့ အချိန်မှာတော့ ၂၀၁၇-၁၈ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ဆုံနေပြီး တစ်ချိန်က ၎င်းတို့ နှစ်ယောက်ကို အငြင်းပွားမှုတွေ ဖြစ်ပေါ်စေခဲ့တာကို အမှတ်ရပြီး အခုလို ထုတ်ဖော်ပြောခဲ့ခြင်း ဖြစ်တယ်လို့လည်း လမ်းပတ်က ထုတ်ဖော်ပြောခဲ့ ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video