AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီလမှာ အသင်းကနေ ထွက်ခွာတော့မယ့် လုခ်ရှောရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘယ်နောက်ခံကစားသမားတစ်ဦးကို အပူတပြင်းရှာဖွေနေရပြီး ဘွန်ဒက်စ်လီဂါအသင်းတစ်သင်းဖြစ်တဲ့ အော့စ်ဘာ့ဂ်အသင်းရဲ့ဘယ်နောက်ခံကစားသမား ဖိလစ်မက်စ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

play

 

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အော့စ်ဘာ့ဂ်အသင်းနဲ့ ဟာသာဘာလင်အသင်းတို့ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲစဉ်ကို မန်ချက်စတာယူနိုက်တက်နဲ့ချယ်ဆီးအသင်းတို့ရဲ့ ကင်းထောက်တွေကို စေလွှတ်ပြီး စောင့်ကြည့်စေခဲ့တာဖြစ်ပါတယ်။

play

 

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖိလစ်မက်စ်ကို ပြီးခဲ့တဲ့အပတ်တွေကလည်း တော့တင်ဟမ်ဟော့စပါးနဲ့ အဲဗာတန်အသင်းတို့ရဲ့ ကင်းထောက်တွေက လာရောက်စောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်လူငယ်အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ ဖိလစ်မက်စ်ဟာ ကင်းထောက်တွေကို အံ့အားသင့်လောက်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပြီး ယခုရာသီမှာ အော့စ်ဘာ့ဂ်အသင်းအတွက် ၁၅ ပွဲ ပါဝင်ကစားပေးထားပြီး ကိုယ်တိုင် ၁ ဂိုးသွင်းယူထားသလို ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD