play

 

ယနေ့ည(မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့နံနက် ၂ နာရီ ၃၀ မိနစ်)မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အဖြစ် ယှဉ်ပြိုင်ကစားမယ့် ဟက်ဒါစ်ဖီးလ်အသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းရဲ့တိုက်စစ်မှူး မိုရာတာဟာ ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

play

 

မိုရာတာဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ တစ်ဖက် တစ်ဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ် ဒုတိယပိုင်း ၈၁ မိနစ်မှာ နောက်ကျောဒဏ်ရာရရှိခဲ့တာကြောင့် ဘတ်ရှူဝါရီနဲ့ လူစားလဲလှယ်ခဲ့ရတာဖြစ်ပါတယ်။

play

 

ချယ်ဆီးအသင်းရဲ့တိုက်စစ်မှူး မိုရာတာဟာ ယခုရာသီမှာ ချယ်ဆီးအသင်းအတွက် သွင်းဂိုး ၉ ဂိုးအထိ သွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပြီး ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ထားတဲ့ကစားသမားလည်း ဖြစ်ပါတယ်။ ခရစ်စမတ်ပွဲကျပ်ကာလကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် ကစားသမားတွေအနေနဲ့ ချန်ပီယံလိဂ်နဲ့ မအားမလပ်နိုင်တဲ့ ပရီးမီးယားလိဂ်အချိန်ဇယားတွေကြောင့် ပွဲပန်းမှုဒဏ်နဲ့ ကြံ့ခိုင်မှုပြဿနာတွေကို ကြုံတွေ့လာရပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video