AD
AD
AD

အာဆင်နယ်အသင်း မန်နေဂျာ အာစင်ဝင်းဂါးက အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဂီရော့ဒ်ကို အနည်းဆုံးတော့ ရာသီကုန်အထိ အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်ကြောင့် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

play

 

ဂီရော့ဒ်အနေနဲ့ အာဆင်နယ်အသင်းမှာ အရန်ကစားသမားအဖြစ်သာ ကစားနေရခြင်းကြောင့် လာမယ့် ဇန်န၀ါရီမှာ အသင်းပြောင်းမယ်လို့ သ တင်းတွေထွက်ပေါ်လာပြီးနောက် အာစင်ဝင်းဂါးက ယခုလို ထုတ်ဖော်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

"ပုဂ္ဂိုလ်ရေးအရ ပြောရရင် သူ့ကို ဒီမှာ ဆက်နေဖို့ မျှောင်လင့်ပါတယ်။တစ်ခုနားလည်ဖို့က ဘယ်ကစားသမားမှ ၆ ရက်မှာ ၃ပွဲကို ကြံ့ခိုင်မှု အပြည့်နဲ့ ကစားနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ကျွန်တော့်ကစားသမားတွေကို ကျွန်တော်ပြောပါတယ်။ဒါပေမယ့် အရမ်းကိုခက်ခဲပါတယ်။ဂီရော့ဒ်က အသင်းအတွက် အရမ်းကို အရေးပါတဲ့ ကစားသမားပါ။သူ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကျွန်တော်လေးစားပါတယ်။သေချာတာတစ်ခုက သူ့ရဲ့ အချိန် တွေ အာဆင်နယ် အလေအလွင့် မရှိခဲ့ပါဘူးလို့ ပြောချင်တာပါ။" လို့ အာစင်ဝင်းဂါးက ကြားရက်မှာ ကစားမယ့် ၀က်ဟမ်းနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

ဂီရော့ဒ်အနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆောက်သမ်တန်အသင်းကို သရေကျခဲ့တဲ့ ပွဲမှာ လူစားဝင်လာပြီးမှ ခေါင်းတိုက်သွင်းဂိုးရယူပေးကာ အာဆင်နယ်အသင်းအတွက် အဖိုးတန် ရမှတ် ၁ မှတ်ကို ရယူပေးနိုင်ခဲ့ပြီး တစ်ချိန်က မန်ယူကစားသမားဟောင်း ဆိုးလ်ရှားတင်ရှိခဲ့တဲ့ လူစား ၀င်ပြီး ဂိုးသွင်းအများဆုံးကစားသမားစံချိန်ကို သွင်းဂိုး ၁၇ ဂိုးနဲ့ လိုက်မီခဲ့ပြီလည်း ဖြစ်ပါတယ်။

အခြားသော သတင်းများအရ အသင်းရဲ့ နောက်ထပ် ကစားသမား အိုလ်ဇေးအနေနဲ့လည်း အာဆင်နယ်အသင်းမှာ ဆက်ရှိနေဖို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး တစ်ပတ်လျှင် ပေါင် ၂၇၅၀၀၀ခန့်နဲ့ သဘောတူစာချုပ်ချုပ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD