AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား မစ်ခီတာယန်ဟာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး အနာဂတ်မရေမရာဖြစ်နေတာကြောင့် နည်းပြမော်ရင်ဟိုနဲ့ ထိပ်တိုက်ဆွေးနွေးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

play

 

မစ်ခီတာယန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ချယ်ဆီးအသင်းရဲ့အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နောက်ပိုင်း ပွဲထွက်ကစားခွင့် မရတော့ဘဲ အရန်ခုံမှာသာ ထိုင်နေရတာဖြစ်ပါတယ်။

play

 

နည်းပြ မော်ရင်ဟိုအနေနဲ့ ကွင်းလယ်မှာ ပေါ့ဂ်ဘာ၊ ဟာရဲရား၊ မာတစ်တို့အတွဲကိုသာ အသုံးပြုတာများပြီး အခြားကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ မာတာကိုလည်း တစ်ခါတစ်ရံမှသာ ထည့်သွင်းအသုံးပြုလေ့ရှိတာကို တွေ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD