AD
AD
AD

လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာအနေနဲ့ ယနေ့ညမှာ ကစားမယ့် ပရီးမီးယားလိဂ် ကြားရက်ပွဲစဉ်ကို ဒူးကောက်ကြော ဒဏ်ရာကြောင့် လွဲချော်ဖို့ များနေပါတယ်။

play

 

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ပွဲကစားချိန် ၆၇ မိနစ်မှာတော့ နည်းပြ ဂျာဂျင် ကလော့ပ်က ဖာမီနိုနဲ့ လူစားလဲခဲ့ပါတယ်။

play

 

အဆိုပါ လူစားလဲချိန်မှာ ဆာလာအနေနဲ့ ဒူးကောက်ကြောဒဏ်ရာကို ခံစားခဲ့ရတာကြောင့် ဖြစ်တယ်လို့လည်းသိရပါတယ်။

"သူ့အနေနဲ့ ပွဲချိန် အစောပိုင်းလောက်မှာ အရမ်းပြေးခဲ့ပါတယ်။၂၃ မိနစ်လောက်မှာ သူအရမ်းညှစ်ပြီးဆော့လိုက်ချိန်မှာ ဖြစ်သွားတယ်လို့ ထင်ပါတယ်။ဒါပေမယ့် အရမ်းကြီးအဆိုးရွားကြီးတော့ မဟုတ်ပါဘူး။ပွဲကြပ်ကာလမှာ ကစားသမားတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာမျိုးပါပဲ။" လို့ လီ ဗာပူးအသင်းနည်းပြ ဂျာဂျင်ကလော့ပ်က ထုတ်ဖော်ပြောခဲ့ပါတယ်။

ဂျာဂျင်ကလော့ပ်အနေနဲ့ ယနေ့ ကစားမယ့် ၀က်ဘရွန်းနဲ့ ပွဲမှာ ဆာလာ ပါဝင်လာဖို့ ရှိမရှိကို အတိအကျ ထုတ်ဖော်ပြောနိုင်ခြင်း မရှိခဲ့ပဲ လက်ရှိမှာ အနားပေးထားတယ်လို့ ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။

ဆာလာမှာ လီဗာပူးအသင်းကို ယခုနှစ် နွေရာသီမှာ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အသင်းအတွက်ပြိုင်ပွဲစုံ ၂၄ ပွဲကစားပေးထားရာမှာ ၁၉ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ တောင်ပံ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD