AD
AD
AD

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိမ်းသိမ်းရေး ကော်မတီက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာနှင့်မွန်ဂိုလီးယား ခြေစမ်းပွဲမှာ  အနီကတ်ပြ ထုတ်ပယ်ခံရသည့် သီဟထက်အောင်ကို လိဂ်(၆)ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ(၁၀)သိန်း ပေးဆောင်ဖို့ ချမှတ်ခဲ့ပါတယ်။

play

(၂၆-၁၁-၂၀၁၇)ရက်နေ့တွင် မွန်ဂိုလီးယားလက်ရွေးစင်အသင်းနှင့် သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာတွင် ပွဲကစားချိန် (၄၀)မိနစ်၌ သီဟထက်အောင်နှင့် မွန်ဂိုလီးယားမှ နံပါတ် (၁၀)တို့စကားများရာမှ ဒိုင်လူကြီး က ပထမအကြိမ်ခေါ်ယူသတိပေးခဲ့သော်လည်း ဆက်လက်၍ မြန်မာအသင်းမှ အလွတ်တည်ရန်ဘောကန်သည့်အချိန် တွင် သီဟထက်အောင်သည် မွန်ဂိုလီးယားအသင်းမှ နံပါတ် (၁၉)၏ ဦးခေါင်းအား လက်ဖြင့်ရိုက်သဖြင့် ဒိုင်လူကြီးမှ (၂)ဝါ (၁)နီဖြင့် ထုတ်ပယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

play

အဆိုပါ ဖြစ်စဉ်များကို ဗီဒီယို ရုပ်သံမှတ်တမ်များနဲ့ ပြန်လည်ကြည့်ရှု၍ ကစားသမား သီဟထက်အောင်အား ပြိုင်ပွဲကျင်းပရေး စည်းမျဉ်း/စည်းကမ်း အပိုဒ် ၃၇၊ (ခ)နှင့် (ဂ)တို့အရ ၂၀၁၈ခုနှစ်၊ အမှတ်ပေးဘောလုံးပြိုင်ပွဲ (၆)ပွဲ ပါဝင်ကစားခွင့်မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် ၁၀ဝ၀ဝ၀ဝိ /-ဆယ်သိန်း ပေးဆောင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို နိုင်ငံအသင်းအတွက်ကစားတဲ့ပွဲစဉ်မှာ စည်းကမ်းပိုင်းအားနည်းခဲ့လို့ ကလပ်အသင်းပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ချမှတ်တာကို မြန်မာ့ဘောလုံးအသိုင်းအ၀ိုင်းမှ အံ့အားသင့်နေကြပြီး ရန်ကုန်ယူနိုက်တက် အသင်း မန်နေဂျာ ဦးမြင့်သိန်းက-"ဒီလိုမျိုး နိုင်ငံအသင်းမှာ စည်းကမ်းပိုင်းအားနည်းလို့ ကလပ်အသင်းနဲ့ပွဲအတွက် ပွဲပယ်ပြစ်ဒဏ်ချမှတ်တာမျိုး ရှိတော့ရှိဖူးပါတယ်။ဒါပေမယ့်ရှားပါတယ်။ကျောင်းသားမိဘ ဆရာ ပူးပေါင်းသလိုပေါ့၊ အဖွဲ့ချုပ် ကစားသမား အသင်း ညှိနှိုင်းတာ အားနည်းနေတယ်၊ ပြစ်ဒဏ်ထိရင်နစ်နာတာပဲ ပြစ်မှုနဲ့ ပြစ်ဒဏ်မျှတဖို့ပဲလိုတယ်။သီဟထက်အောင်ရဲ့ ပွဲပယ်ပြစ်ဒဏ်က ကလပ်အသင်းကိုနစ်နာမှုတော့ရှိတယ်လေ။ဒါကြောင့် အသင်းဥက္ကဋ္ဌကို တင်ပြ ထားပြီး ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်။" လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင်  စိုးမိုးကျော်နှင့် ဆန်းဆက်နိုင်  တို့ကိုလည်း စည်းကမ်းပိုင်းအားနည်းချက်များရှိသဖြင့် သတိပေးမှုများပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သီဟထက်အောင်အနေနဲ့ ယခုလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းအပြင် ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ M150 Cup ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းလူစာရင်းကနေလည်း ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

Source- Myanmar National League

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD