AD
AD
AD
play

 

ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ စတုတ်စီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ ဘန်လေအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ရမှတ် ၃၁ မှတ်နဲ့ အဆင့်လေးနေရာမှာ ယာယီရပ်တည်နိုင်ခဲ့ပါတယ်။

play

 

ဘန်လေအသင်းရဲ့နည်းပြရှောင်ဒိုက်ခ်ျအနေနဲ့ အသင်းသားတွေရဲ့ကြိုးစားအားထုတ်မှုအတွက် အရမ်းကို ဂုဏ်ယူဝမ်းမြောက်နေတယ်လို့ သိရပြီး စတုတ်စီးတီးအသင်းရဲ့နည်းပြ မာ့ခ်ဟုခ်ျကတော့ မိမိတို့အသင်းအနေနဲ့ အရှုံးရလဒ်နဲ့ မထိုက်တန်ဘူးလို့ ပြောကြားခဲ့ပါတယ်။

play

 

ဘန်လေအသင်းဟာ ၁၇ ပွဲကစားထားရာမှာ ၉ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၄ ပွဲရှုံးရလဒ်နဲ့ ၃၁ မှတ်ရရှိထားပြီး အဆင့် ၄ နေရာမှာ ယာယီရပ်တည်ထားနိုင်ခဲ့ပါတယ်။ ဘန်လေအသင်းရဲ့အောက် အဆင့် ၅ နေရာမှာ လီဗာပူးအသင်းက ရမှတ် ၃၀(တစ်ပွဲလျော့)၊ အဆင့် ၆ နေရာမှာ အာဆင်နယ်အသင်းက ရမှတ် ၂၉(တစ်ပွဲလျော့)၊ အဆင့် ၇ နေရာမှာ တော့တင်ဟမ်ဟော့စပါးအသင်းက ရမှတ် ၂၈(တစ်ပွဲလျော့)နဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

play

 

ဘန်လေအသင်းအနေနဲ့ ယခုရာသီမှာ အင်အားကြီးအသင်းတွေဖြစ်တဲ့ ချယ်ဆီး၊ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူး၊ စပါးအသင်းတို့နဲ့ တွေ့ဆုံခဲ့ရာမှာ ချယ်ဆီးအသင်းကို အနိုင်၊ မန်စီးတီးအသင်းကို ရှုံး၊ အာဆင်နယ်အသင်းကို ရှုံး၊ လီဗာပူးနဲ့ စပါးအသင်းတို့ကို သရေရလဒ်ရရှိအောင် ကစားထားနိုင်တာကို တွေ့ရပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD