AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး ဇလာတန်အီဘရာဟီမိုဗစ်က မန်ချက်စတာဒါဘီပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး ငြိမ်သက်နေတဲ့ အခြေအနေကို လှုပ်နှိုးလိုက်ပြီဖြစ်ပါတယ်။

play

မိုဗစ်က မိမိလက်တွဲခဲ့ဖူးသမျှ နည်းပြတွေထဲမှာ ပက်ဂွါဒီယိုလာဟာ ရင့်ကျက်မှုမရှိဆုံးနည်းပြဖြစ်တယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။ မိုဗစ်နဲ့ ဂွါဒီယိုလာတို့ဟာ ၂၀၀၉ ခုနှစ်က ဘာစီလိုနာအသင်းမှာ အတူလက်တွဲခဲ့ဖူးပြီး ၂၀၁၀ ဘောလုံးရာသီမှာ မိုဗစ်ကို ဂွါဒီယိုလာက အေစီမီလန်အသင်းကို အငှားချခဲ့သူဖြစ်ပါတယ်။

play

 

ဂွါဒီယိုလာရဲ့လက်အောက်မှာ ၂၃ ပွဲကစားပြီး ၁၆ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ အီဘရာဟီမိုဗစ်က ဂွါဒီယိုလာရဲ့နည်းစနစ်နဲ့ ပတ်သက်ပြီးမေးခွန်းထုတ်ခဲ့ပါတယ်။

play

 

"ပထမဆုံး ခြောက်လက အရမ်းကို ပြီးပြည့်စုံခဲ့ပါတယ်။ နောက်တော့ နည်းပြက စနစ်ကို ပြောင်းလဲလိုက်တယ်။ နည်းစနစ်ကိုလည်း ပြောင်းလဲလိုက်တာကြောင့် ကျွန်တော့်အတွက် လုံးဝအဆင်မပြေခဲ့ပါဘူး"

"ကျွန်တော် သူ့ကိုသွားပြီး ပြောခဲ့တယ်။ ကျွန်တော် အခု စကားပြောဖို့လာတာ၊ အဲဒါကို တခြားကိစ္စတစ်ခုအတွက်နဲ့ လာတာကို ခင်ဗျားထင်နေရင် ကျွန်တော်တို့ စကားမပြောရုံပဲလို့ ပြောခဲ့လိုက်တယ်"

"ကျွန်တော်က သူ့ကို ခင်ဗျားအနေနဲ့ ကစားသမားတစ်ယောက်အတွက်(မက်ဆီကို ဆိုလိုခြင်း)နဲ့ တခြားကစားသမားတစ်ယောက်ကို စတေးနေတာလို့ ယုံကြည်တယ်။ အဲဒီလိုပြောလိုက်တဲ့အချိန်မှာ သူကပြန်ပြီး "ဒီကိစ္စက ပြောရလောက်တဲ့ကိစ္စမဟုတ်ဘူးလို့ ငါထင်တာပဲ။ ဒါပေမယ့် မင်းဘာပြောချင်တယ်ဆိုတာကို ငါကောင်းကောင်းနားလည်ပါတယ်။ အဲဒီကိစ္စကို သေချာပြန်ဂရုစိုက်လိုက်ပါ့မယ်။ ပြဿနာမရှိပါဘူး။ အရာအားလုံးကို ငါဖြေရှင်းနိုင်ပါတယ်"လို့ ပြောခဲ့တယ်။ ကျွန်တော်ကတော့ အဲဒီကိစ္စအဆင်ပြေသွားပြီထင်ခဲ့မိတယ်"

"နောက်နေ့ပွဲစဉ်မှာ ကျွန်တော့်ကို အရန်ခုံမှာ ထိုင်ခိုင်းထားတယ်။ ကျွန်တော် ဘာမှမပြောခဲ့ဘူး။ ကျွန်တော် ကိုယ့်အလုပ် ကိုယ်လုပ်ခဲ့တယ်"

"နောက်ထပ်တစ်ပွဲမှာလည်း အရန်ခုံမှာပဲ ထပ်ထိုင်ခိုင်းပြန်တယ်။ ကျွန်တော်ကတော့ သူ အဲဒီကိစ္စကို ဖြေရှင်းခဲ့ပြီးပြီလို့ ထင်ခဲ့ပေမယ့် သူက ကျွန်တော့်ကို ဘာမှမပြောသလို၊ ရှင်းလည်း မရှင်းပြခဲ့ပါဘူး။ တတိယပွဲလည်း အရန်ခုံပဲ။ နောက် စတုတ္ထပွဲ၊ ပဉ္စမပွဲ အရန်ခုံပဲ"

"တစ်ခုခုတော့ ထူးဆန်းနေပြီလို့ ကျွန်တော် ထင်လိုက်တယ်။ ကျွန်တော် သွားပြောတဲ့နေ့ကစပြီး သူ ကျွန်တော့်ကို တွေ့ရင်တောင် စကားလုံးဝမပြောတော့ဘူး။ ကျွန်တော် အခန်းထဲဝင်လာရင် သူ ထွက်သွားတယ်။ သူက ဆိုးရွားတဲ့လူတစ်ယောက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် လက်တွဲခဲ့ဖူးသမျှထဲမှာ မရင့်ကျက်ဆုံးနည်းပြတစ်ယောက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ရင့်ကျက်တဲ့လူတစ်ယောက်က ပြဿနာကို ဖြေရှင်းတယ်လေ"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD