AD
AD
AD

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဆွမ်ဆီးစီးတီးအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက အဝေးကွင်းမှာ ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ တိုက်စစ်မှာ စတားလင်း၊ အဂူရို၊ ဘာနာဒိုဆေးလ်ဗားတို့နဲ့ပွဲထွက်လာခဲ့ပြီး ပွဲစတင်ချိန်ကတည်းက တိုက်စစ်ဆင် ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ၂၇ မိနစ်မှာ ဆာနာဒိုဆေးလ်ဗားရဲ့ပေးပို့မှုကနေတစ်ဆင့် ဒေးဗစ်ဆေးလ်ဗားက မန်ချက်စတာစီးတီးအသင်းအတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။

play

 

၃၄ မိနစ်မှာ မန်စီးတီးအသင်းရဲ့ကွင်းလယ်ကစားသမား ဒီဘရိုင်းက ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဆွမ်ဆီးစီးတီးအသင်းဟာ ယနေ့ပွဲစဉ်မှာ မန်စီးတီးအသင်းရဲ့ကွင်းလယ်ကို မကျော်ဖြတ်နိုင်ခဲ့ဘဲ ခံစစ်သပ်သပ်နဲ့သာ ကစားခဲ့ရတာကို တွေ့ရပါတယ်။

play

 

ဒုတိယပိုင်းမှာလည်း မန်စီးတီးအသင်းကသာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားနိုင်ခဲ့ပြီး ၅၂ မိနစ်မှာ စတားလင်းရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် ဒေးဗစ်ဆေးလ်ဗားကပဲ မန်စီးတီးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။

play

 

မန်စီးတီးအသင်းဟာ ဦးဆောင်ဂိုး ၃ ဂိုးအထိ ရရှိထားပြီဖြစ်တာကြောင့် တိုက်စစ်ကို အားပြုမကစားတော့ဘဲ လူစားလဲလှယ်မှုတွေပြုလုပ်ပြီး နည်းဗျူဟာ ပြောင်းလဲခဲ့ပါတယ်။ ၈၅ မိနစ်မှာ လူစားဝင်လာတဲ့ယာယာတိုရေးရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် အဂူရိုက မန်စီးတီးအသင်းအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး အဝေးကွင်းမှာ ဆွမ်ဆီးစီးတီးအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

မန်ချက်စတာစီးတီးအသင်းဟာ ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာဟာ ၁၅ ပွဲဆက်တိုက်နိုင်ပွဲ ရရှိခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်တစ်ရာသီအတွင်း နိုင်ပွဲဆက်တိုက်အများဆုံးရရှိတဲ့အသင်းအဖြစ် စံချိန်သစ် ရေးထိုးနိုင်တာလည်း ဖြစ်ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD