AD
AD
AD

ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘုန်းမောက်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှာ လူကာကူကို အထောင်ထားပြီး မာတာ၊ လင်ဂတ်၊ မာရှယ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲစတင်တာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ကစားကွက်ပုံဖော်ဖို့ကြိုးစားခဲ့ပြီး ဘုန်းမောက်အသင်းကို ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ပါတယ်။

play

 

၂၅ မိနစ်မှာ ဂျူအန်မာတာ ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို လူကာကူ လှလှပပ ခေါင်းတိုက်သွင်းယူပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဘုန်းမောက်အသင်းဟာ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရတဲ့အတွက် ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူဖို့ ကြိုးစားခဲ့ပြီး မန်ယူအသင်းကို အပြန်အလှန် ကစားနိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားအား လျော့ကျခဲ့ပြီး ဘုန်းမောက်အသင်းက ဂိုးပေါက်ကန်သွင်းမှုတွေ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ၆၆ မိနစ်မှာ ခြေစွမ်းမပြသနိုင်တဲ့ မာရှယ်ကို ထုတ်ပြီး ရက်ရှ်ဖို့ဒ်ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ၇၁ မိနစ်မှာ လင်ဂတ်ရဲ့နေရာမှာ ဟာရဲရားကို ထည့်သွင်းကစားစေခဲ့ပြီး ကွင်းလယ်ကို အသာစီးရယူနိုင်အောင် ကြိုးစားခဲ့တာကို တွေ့ရပါတယ်။

play

ဘုန်းမောက်အသင်းဟာ မန်ယူအသင်းကို ချေပဂိုးတွေ ပြန်လည်သွင်းယူနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မန်ယူအသင်းရဲ့ဂိုးသမား ဒီဂီယာကလည်း အကောင်းဆုံး လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ မန်ယူအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD