ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ ဝက်စ်ဘရွန်းအသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

play

 

လီဗာပူးအသင်းဟာ တိုက်စစ်မှာ မိုဟာမက်ဆာလာ၊ ဖာမီနို၊ မာနေးတို့နဲ့ ပွဲထွက်လာခဲ့ပြီး ပထမပိုင်းစတင်ချိန်ကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီးကစားနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့တိုက်စစ်မှူးတွေဖြစ်တဲ့ ဆာလာနဲ့ ဖာမီနိုတို့ ဂိုးကန်သွင်းခွင့် ရရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့တာကြောင့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

play

 

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ဝက်စ်ဘရွန်းအသင်းက တရစပ်ဖိအားပေးတိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ပြီး ဂိုးရရှိဖို့ နီးစပ်ခဲ့ပေမယ့် လီဗာပူးအသင်းရဲ့ဂိုးသမား ကဲရီးရက်စ် ကာကွယ်နိုင်ခဲ့ပါတယ်။ ၇၆ မိနစ်မှာ မာနေးနဲ့ ဝစ်ဂ်ျနယ်ဒန်တို့ရဲ့နေရာမှာ ဆိုလန်ကီနဲ့ ချန်ဘာလိန်တို့ကို ထည့်သွင်းကစားစေခဲ့ပြီး တိုက်စစ်ကို မြှင့်တင်ဖို့ ကြိုးစားခဲ့ပါတယ်။

play

၈၂ မိနစ်မှာ ဝက်စ်ဘရွန်းအသင်းရဲ့နောက်ခံကစားသမား အီဗန်နဲ့ထိပြီး လမ်းကြောင်းပြောင်းလာတဲ့ ဘောလုံးဟာ လူစားဝင်လာတဲ့ ဆိုလန်ကီနဲ့ ထိပြီး ဂိုးထဲဝင်သွားခဲ့ပေမယ့် ကွင်းလယ်ဒိုင်က လက်နဲ့ထိခဲ့တယ်ဆိုပြီး ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်းမရှိပါဘူး။ လီဗာပူးအသင်းဟာ နောက်ဆုံးမိနစ်တွေအထိ ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဝက်စ်ဘရွန်းအသင်းရဲ့နောက်ခံကစားသမားတွေနဲ့ ဂိုးသမားက အကောင်းဆုံး ပိတ်ဆို့ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးမရှိသရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video