ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ဘရိုက်တန်အသင်းတို့ရဲ့ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ယနေ့ပွဲစဉ်မှာ စပါးအသင်းဟာ တိုက်စစ်မှာ ဟယ်ရီကိန်းကို အထောင်ထားပြီး လာမယ်လာ၊ အဲရစ်ဆင်၊ ဆွန်ယောင်မင်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းစတင်ချိန်ကတည်းက စပါးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားနိုင်ခဲ့ပြီး ဘရိုက်တန်အသင်းကို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

play

 

မိနစ် ၄၀ မှာ စပါးအသင်းရဲ့နောက်ခံကစားသမား အော်ရီရာက ဟယ်ရီဝင့်ခ်ရဲ့ပေးပို့မှုကနေတစ်ဆင့် စပါးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း စပါးအသင်းကသာ တစ်ဖက်သတ်ဖိအားပေးကစားနိုင်ခဲ့ပြီး တိုက်စစ်ကို မြှင့်တင်နိုင်ဖို့အတွက် ဟယ်ရီဝင့်ခ်နဲ့ လာမယ်လာတို့ကို ထုတ်ပြီး မူဆာဒမ်ဘီလီနဲ့ ဒဲလ်အယ်လီကို ထည့်သွင်းကစားစေခဲ့ပါတယ်။

play

 

၈၇ မိနစ်မှာ အဲရစ်ဆင်ရဲ့အကွက်မြင်မြင် ဖန်တီးပေးပို့မှုကနေတစ်ဆင့် ဆွန်ယောင်မင်က တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး စပါးအသင်းက ဘရိုက်တန်အသင်းကို ဝင်ဘလေကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video