play

 

ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးမရှိ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်က သရေရလဒ်သာရရှိခဲ့တာဖြစ်တာကြောင့် ယနေ့ပွဲစဉ်မှာ အနိုင်ရလဒ် ရရှိဖို့ ကြိုးစားခဲ့ပြီး တိုက်စစ်မှာ ဂီရော့ဒ်ကို အထောင်ထားပြီး ဆန်းချက်ဇ်၊ အိုဇေးလ်၊ အိုင်ဝိုဘီတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း စတင်ချိန်ကတည်းက အာဆင်နယ်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်တွေ ရရှိခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့ဂိုးသမား အေဒရီရန်က လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ၁၄ မိနစ်မှာ ဝက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်မှူး အာနာတိုဗစ် ခေါင်းတိုက်သွင်းယူခဲ့တဲ့ဘောလုံးဟာ ဂိုးထဲဝင်သွားခဲ့ပေမယ့် စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းအနေနဲ့ ဂိုးရရှိမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

play

ဒုတိယပိုင်းမှာလည်း အာဆင်နယ်အသင်းကသာ ဖိအားပေးကစားနိုင်ခဲ့ပြီး မိနစ် ၇၀ မှာ ခြေစွမ်းမပြနိုင်တဲ့ အိုင်ဝိုဘီရဲ့နေရာမှာ ဝဲလ်ဘတ်ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ယနေ့ပွဲစဉ်မှာ စုစုပေါင်း ဂိုးပေါက်ကန်သွင်းမှု ၂၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်မသေချာမှုနဲ့ ဝက်စ်ဟမ်းအသင်းရဲ့ဂိုးသမား ကာကွယ်ပုတ်ထုတ်မှုကြောင့် ဂိုးမရရှိခဲ့ဘဲ ဂိုးမရှိသရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video