အာဆင်နယ်အသင်းရဲ့ ဂျာမနီလက်ရွေးစင်ကစားသမား မီဆွတ်အိုလ်ဇေးအနေနဲ့ လာမယ့်ဇန်န၀ါရီမှာ အပြောင်းအရွှေ့ဖြစ်ပေါ်ဖို့ သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ အပတ်က အာဆင်နယ်အသင်း နည်းပြ အာစင်ဝင်းဂါးက အိုလ်ဇေးကို တစ်ပတ်လုပ်ခ ပေါင် ၂၃၅၀၀၀နဲ့ ဆက်ထိန်းထားနိုင်တော့မယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့်လည်း ကာယကံရှင်ကတော့ အသင်းပြောင်းဖို့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ရဲ့ သဘောထားကို မေးလိုက် တယ်လို့ ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြထားပါတယ်။

play

 

အိုလ်ဇေးအနေနဲ့ ဆက်ဆံရေးကောင်းတွေ ရှိခဲ့တဲ့ လက်ရှိ မန်ယူနည်းပြ မော်ရင်ဟိုရဲ့ မန်ယူအသင်းကို ပြောင်းရွှေ့ရင်ကောင်းမလား မိမိကို အလိုရှိနေတဲ့ စပိန်ကလပ် ဘာစီလိုနာအသင်းကို ပြောင်းရင်ကောင်းမလားဆိုတာ သူငယ်ချင်းကိုမေးခဲ့တာလည်း ဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ကလည်း အိုလ်ဇေးကို အလိုရှိနေပြီး အိုလ်ဇေးအနေနဲ့ကလည်း မန်ယူမှာ တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ ခန့် အလိုရှိနေ တယ်လို့ သိရပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video