ယနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ မှာ အာဆင်နယ်အသင်းနဲ့အတူ ကွင်းလယ်ကစားသမား ၀ီးလ်ရှိုင်းယား ပွဲထွက်ခွင့်ရခဲ့ပါတယ်။

play

 

အဆိုပါ ပွဲထွက်ကစားခွင့်ရခဲ့ခြင်းဟာ ၎င်းအတွက်တော့ ရက်ပေါင်း ၅၇၇ ရက်အကြာမှာမှ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပြန်လည် ပွဲထွက်ခွင့်ရခဲ့ခြင်းလည်း ဖြစ်ပါတယ်။

play

 

ဝီးလ်ရှိုင်းယားအနေနဲ့ ၂၀၁၆ ခုနှစ် မေလ ၁၅ ရက်နေ့က အက်စတွန်ဗီလာအသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် နောက်ဆုံးပွဲထွက်ကစားပေးခဲ့သူဖြစ်ပြီး အဲ့နောက်မှာတော့ ဘုန်းမောက်အသင်းကို အငှားနဲ့သွားရောက်ကစားခဲ့ရသူ ဖြစ်ပါတယ်။

ယခုနှစ်ရာသီမှာ ကလပ်သအသင်းကိုပြန်လည်ရောက်ရှိလာခဲ့ပေမယ့်လည်း ဇာကာ၊ရမ်ဆေးတို့နောက် အရံ ကစားသမားအဖြစ်သာ ကစားနေခဲ့ရပြီး ယနေ့ ၀က်ဟမ်းနဲ့ပွဲမှာတော့ ၅၇၇ ရက်ကြာပြီး ပထမဆုံး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပွဲကို ပြန်လည် ပွဲထွက်ခွင့်ရခဲ့တာ ဖြစ် ပါတယ်။`

၎င်းပွဲထွက်ခွင့်ပြန်လည်ရခဲ့တဲ့ပွဲမှာ  နိုင်ပွဲမရရှိခဲ့ပဲ ဂိုးမရှိသရေရလဒ်သာ ရရှိခဲ့ပေမယ့်လည်း ၎င်းရဲ့ ကစားပုံကိုတော့ နည်းပြအာစင်ဝင်းဂါးက ကြိုက်နှစ်သက်ကြောင့် ထုတ်ဖော်ပြောခဲ့ပါတယ်။

ဝီးလ်ရှိုင်းယားအပါအ၀င် တိုက်စစ်မှူး ဂီရော့ဒ်နဲ့ လူငယ်ကစားသမား အဲလက် မေလန်းတို့မှာလည်း ယခုနှစ်ရာသီမှာ အသင်းနဲ့အတူ ပထမဆုံး ပရီးမီးယားလိဂ်ပွဲထွက်ခွင့်ရခဲ့ကြပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video