စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ မန်ယူအသင်းက အလိုရှိနေတဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဂရုဇ်မန်းကို အသင်းပြောင်းရွှေ့လိုပါပါက ထွက်ခွာခွင့်ပြုထားတယ်လို့ သိရပါတယ်။

play

 

အက်သလက်တီကို နည်းပြ ဒီယေဂို ဆိုင်မွန်က -" ဂရုဇ်မန်းအနေနဲ့ ထွက်ခွာချင်တယ်ဆိုရင် အဆင်ပြေပါတယ်။သူ့အနေနဲ့ ကျွန်တော့်ကို တိုက် ရိုက် ထွက်ခွာချင်တယ်လို့ ပြောလာမယ်ဆိုရင် ကျွန်တော့်ဖက်ကလည်း ပြဿနာမရှိဘူးလို့ပဲ ပြန်ပြောရမှာပါ။သူ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း လေးစားရမယ်လေ။" လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

အဆိုပါ ပြင်သစ်တိုက်စစ်မှူးကို မန်ယူအပြင် ဘာစီလိုနာကပါ မျက်စိကျနေတာလည်း ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂရုဇ်မန်းအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကတည်းက မန်ယူကို ပြောင်းဖို့ ကြိုးပမ်းခဲ့ပေမယ့် အက်သလက်အနေနဲ့ လူအ၀ယ်ကို ပိတ်ပင်ခံထားရတာကြောင့် ၎င်းနေရာမှာ အစားထိုးခေါ်ယူနိုင်ခြင်း မရှိသေးသဖြင့် ရောင်းထုတ်ပေးခဲ့ခြင်း မရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာမယ့် ဇန်န၀ါရီမှာတော့ အက်သလက်တီကိုအသင်းအနေနဲ့ ကစားသမား ပြန်လည်ဝယ်ယူခွင့်ရတော့မှာ ဖြစ်တာကြောင့် ယခုလို ဂရုဇ်မန်းရဲ့ အပြောင်းအရွှေ့အတွက် ဖွင့်ဟလာခဲ့တာလည်း ဖြစ်ပါတယ်။

ဂရုဇ်မန်းအနေနဲ့ ယခုနှစ်ရာသီ စပိန်လာလီဂါမှာ ၁၂ပွဲကစားအပြီး ၅ ဂိုးသွင်းယူပေးထားနိုင်ကာ ၃ ရာသီအတွင်း ဂိုး၆၀ အထိ သွင်းယူထားနိုင်ပါ တယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video