မန်ယူအသင်း မန်နေဂျာ မော်ရင်ဟိုက မန်ယူအသင်းအနေနဲ့ အသင်းရဲ့ လိုအပ်ချက်ဖြစ်နေတဲ့ ဂိုးဖန်တီးရှင် အိုလ်ဇေးကိုခေါ်ယူနိုင်ရေး အတွက် အမ်ခီတာယန်းကို ရောင်းထုတ်ဖို့ လိုအပ်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

play

 

မော်ရင်ဟိုအလိုရှိနေတဲ့ အိုလ်ဇေးအနေနဲ့ ယခုနှစ်ရာသီအကုန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး လက်ရှိအချိန်မှာ လည်း အေးဂျင့် မရှိပဲ အလွတ်ခေါ်ယူခွင့်ရမ်ယ့အရေးနဲ့ ကြုံနေတာလည်း ဖြစ်ပါတယ်။

play

 

ဒါ့အပြင် မော်ရင်ဟိုအနေနဲ့လည်း အိုလ်ဇေးရောက်လာပါက မန်ယူအသင်းရဲ့ ကစားကွက်ကို ကြိုတင်စီစဉ်ထားရှိထားမှုကြောင့်လည်း အိုလ်ဇေးကို ခေါ်ယူဖြစ်ဖို့များနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အသင်းရဲ့ ရိုမေးနီးယား တောင်ပံ ကစားသမား အမ်ခီတာယန်းကို ပွဲထုတ်အသုံးပြုနိုင်ခြင်းမရှိတော့ပဲ အရံခုံမှာသာ အသုံးပြုနေတာကြောင့်လည်း ၎င်းနဲ့ ကစားတဲ့ နေရာတူတဲ့ အိုလ်ဇေးကိုခေါ်ယူနိုင်ဖို့ အတွက် အမ်ခီတာယန်းကို ရောင်းထုတ်သွားတော့မယ်လို့ လည်းသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အမ်ခီတာယန်းအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ နွေရာသီက မန်ယူအသင်းကိုပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ နဲ့ ဒေါ့မွန်အသင်းက ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Source- Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video