ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာအနေနဲ့ တစ်ချိန်က ဒိတ်ဒိတ်ကျဲ တိုက်စစ်မှူးကြီး ဒီဒီယာ ဒရော့ဘာ ဂိုးသွင်းခဲ့တဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ကြည့်ရှုကာ ဂိုးသွင်းစွမ်းရည် မြင့်မားလာရေးအတွက် လေ့လာ သင်ယူနေတယ်လို့ သိရပါတယ်။

play

 

မိုရာတာအနေနဲ့ ချဲလ်ဆီးအသင်းကို ယခုနှစ်ရာသီမှာ ရီးရဲအသင်းကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ရောက်ရှိလာချိန်မှာပဲ ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲလောက်သာ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဒါကြောင့် ပေါင် ၅၈ သန်းနဲ့ ရောက်ရှိလာတဲ့ မိုရာတာကို အသင်းရဲ့ ဂိုးသွင်းဘုရင် ဒရော့ဘာရဲ့ ဂိုးသွင်းခဲ့တဲ့ ဗီဒီယို မှတ်တမ်းတွေကိုပြန်လည် ကြည့်ရှု လေ့လာစေနေတယ်လို့ သိရပါတယ်။

"ကျွန်တော် အိမ်မှာ သူ့ရဲ့ ဂိုးသွင်းဗီဒီယိုတွေကိုပြန်လည်ကြည့်ရှုလေ့လာနေပါတယ်။ကျွန်တော်က များသောအားဖြင့် ခေါင်းတိုက် ဂိုးသွင်းယူတာ များပါတယ်။ဒါကလည်း အဓိကကတော့ ကျွန်တော်က ငယ်ငယ်ကတည်းက ခုန်တာ မမြင်ဘူး။အဖေက အမြဲတမ်းခုန်ပြီးခေါင်းတိုက်ခိုင်းတယ်။နောက် ခေါင်းနဲ့ တိုက်ပြီးဘောလုံးကို ပေးခိုင်းတယ်။ဒါတွေက အခုချိန်မှာ ခေါင်းတိုက်ဂိုးသွင်းယူတာများနေရတဲ့ အဓိက အကြောင်းအရင်းဖြစ်လာစေတယ်လို့ထင်ပါတယ်။ကျွန်တော့်ရဲ့ ၇ ဂိုးနဲ့ ၈ ဂိုးမြောက်ဂိုးတွေကလည်း ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာ ရင်ခုန်နေပါတယ်။" လို့ မိုရာတာက ချဲလ်ဆီး မဂ္ဂဇင်းကို ထုတ်ဖော်ပြောခဲ့ပါတယ်။

မိုရာတာအနေနဲ့ ချဲလ်ဆီးအသင်းနဲ့အတူ ၁၆၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ အိုင်ဗရီကို့စ် တိုက်စစ်မှူး ဒရော့ဘာရဲ့ ဂိုးသွင်းဗီဒီယိုဖိုင်တွေကို လေ့လာအပြီး ပထမဆုံး ယှဉ်ပြိုင်ကစားရမယ့်ပွဲမှာ မနက်ဖြန်မှာကစားမယ့် ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video