ချယ်ဆီးအသင်းရဲ့နောက်ခံကစားသမား ဒေးဗစ်လုဇ်ဟာ ရိုးမားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီးနောက်ပိုင်း နည်းပြ ကွန်တီရဲ့ ဘေးဖယ်ထားခြင်းကို ခံခဲ့ရပါတယ်။

play

 

ရိုးမားအသင်းနဲ့ပွဲစဉ်ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ချန်လှပ်ထားခြင်းခံခဲ့ရပြီး လက်ရှိအချိန်မှာ ဒူးဒဏ်ရာကြောင့် သုံးပတ်ခန့်အနားယူနေရသူဖြစ်ပါတယ်။

play

 

လက်ရှိအချိန်မှာ ဒေးဗစ်လုဇ်အနေနဲ့ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်ခါနီးဖြစ်နေပေမယ့် ခရစ်စတန်ဆန်ကို ကျော်ဖြတ်ပြီး အရင်လို နေရာ ပြန်ရ၊ မရဆိုတာကိုတော့ ဘယ်သူမှ အာမမခံနိုင်သေးပါဘူး။ နည်းပြကွန်တီနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့ ဒေးဗစ်လုဇ်ကို မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲမက်ဒရစ်အသင်းတို့က ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

play

 

Daily Express သတင်းဌာနရဲ့ဖော်ပြချက်အရ ဒေးဗစ်လုဇ်ဟာ ယခုအပတ်အစည်းအဝေးမှာ နည်းပြကွန်တီကို အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့် ပြန်လည်ပေးဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေးဗစ်လုဇ်ဟာ ပြီးခဲ့တဲ့နှစ်ကမှ ပီအက်စ်ဂျီအသင်းကနေ ချယ်ဆီးအသင်းကို ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားခြင်းခံနေရသူ ဖြစ်ပါတယ်။

play

 

ဒေးဗစ်လုဇ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး နည်းပြကွန်တီကို ပြီးခဲ့တဲ့အပတ်က မေးမြန်းခဲ့ရာမှာတော့ "အခု အဲဒီအကြောင်းကို ပြောဖို့အတွက် အချိန်မကျသေးဘူးလို့ ထင်ပါတယ်"

"အပြောင်းအရွှေ့ဈေးကွက် မဖွင့်မီမှာ ပွဲစဉ်တွေ ကစားဖို့ အများကြီးရှိပါသေးတယ်။ ဒါကြောင့် ခုက ပြောဖို့အချိန်မဟုတ်သေးဘူး။ ဒါက အရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video