AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မဖြစ်မနေ လူအင်အားဖြည့်တင်းဖို့ လိုအပ်နေပြီး မန်ယူအသင်းအနေနဲ့ ခေါ်ယူသင့်တဲ့ ကစားသမား ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

play

 

၁။ အဲလက်စ်ဆန်ဒရို(ဂျူဗင်တပ်)

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီလမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ဘယ်နောက်ခံကစားသမား လုခ်ရှောရဲ့ နေရာအတွက် ပြန်လည်အစားထိုးနိုင်ဖို့အတွက် ဂျူဗင်တပ်အသင်းရဲ့ဘယ်နောက်ခံကစားသမား ဆန်ဒရိုကို စဉ်းစားသင့်ပါတယ်။

ဆန်ဒရိုဟာ ဂျူဗင်တပ်အသင်းရဲ့နည်းပြ အယ်လီဂရီနဲ့ ဆက်ဆံရေး မပြေလည်တဲ့ကစားသမားဖြစ်ပြီး အသင်းကထွက်ခွာမယ်လို့ အတိအလင်း ပြောကြားထားသူဖြစ်ပါတယ်။ ဆန်ဒရိုအနေနဲ့ သွားရောက်ကစားချင်တဲ့အသင်းဟာ ချယ်ဆီးအသင်းဖြစ်တယ်လို့ ပြောကြားထားပေမယ့် မန်ယူအသင်းက မက်မောလောက်တဲ့ လစာငွေနဲ့ ကမ်းလှမ်းမယ်ဆိုရင် ခေါ်ယူနိုင်ဖွယ်ရှိတဲ့ ကစားသမားဖြစ်ပါတယ်။

play

 

၂။ ကားလို့စ်ဆိုလာ(ဗလင်စီယာ)

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဗလင်စီယာအသင်းရဲ့ကွင်းလယ်ကစားသမား ကားလို့စ်ဆိုလာဟာ ဗလင်စီယာအသင်းရဲ့ယခုရာသီမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသနိုင်ဖို့ အဓိက ပံ့ပိုးပေးနေတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ ကားလို့စ်ဆိုလာကို မန်ယူအသင်းရဲ့ကင်းထောက်တွေကလည်း စောင့်ကြည့်နေပြီး ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ ဟာရဲရားရဲ့နေရာမှာ အစားထိုးနိုင်တဲ့ ကွင်းလယ်ကစားသမားဖြစ်ပါတယ်။ ကားလို့စ်ဆိုလာရဲ့စာချုပ်ပါအချက်အရ ခေါ်ယူလိုတဲ့အသင်းက ထွက်ခွာခွင့်ရဖို့အတွက် ယူရိုသန်း ၈၀ ပေးရမှာဖြစ်ပါတယ်။

play

 

၃။ ဖိလစ်မက်စ်(အော့စ်ဘာ့ဂ်)

ဂျာမနီလက်ရွေးစင်အသင်းရဲ့ ပထမပွဲထွက်လူစာရင်းထဲမှာ ထည့်သွင်းခံခဲ့ရတဲ့ အော့စ်ဘာ့ဂ်အသင်းရဲ့ဘယ်နောက်ခံကစားသမား ဖိလစ်မက်စ်ဟာ ယခုရာသီမှာ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ထားပြီး ဥရောပထိပ်သီးလိဂ် ၅ ခုက နောက်ခံကစားသမားတွေအားလုံးထက် ဂိုးဖန်တီးမှု အများဆုံးပြုလုပ်ထားသူအဖြစ် စံချိန်တင်ထားပါတယ်။

ဖိလစ်မက်စ်ကို မန်ယူအသင်းနဲ့ ချယ်ဆီးအသင်းရဲ့ကင်းထောက်တွေက ပြီးခဲ့တဲ့အပတ်က သွားရောက်စောင့်ကြည့်ခဲ့ပြီး ဈေးကွက်ပေါက်ဈေးမှာ ယူရို ၅ သန်းခန့်သာရှိတာကြောင့် မန်ယူအသင်းအနေနဲ့ ခေါ်ယူမယ်ဆို ဖြစ်နိုင်တဲ့အနေအထားဖြစ်ပါတယ်။

play

 

၎။ လီယွန်ဂေါ်ရက်ဇ်ကာ(ရှော်ကေး)

ပြီးခဲ့တဲ့ ဖီဖာကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တဲ့ ရှော်ကေးအသင်းရဲ့ကွင်းလယ်ကစားသမား လီယွန်ဂေါ်ရက်ဇ်ကာကို မော်ရင်ဟိုအနေနဲ့ သဘောကျမှာ အသေအချာပါပဲ။

ဂေါ်ရက်ဇ်ကာဟာ ရှော်ကေးအသင်းက ကမ်းလှမ်းခဲ့တဲ့စာချုပ်အသစ်ကို ချုပ်ဆိုဖို့ ငြင်းဆန်ထားတာကြောင့် လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖွယ်ရှိတာကြောင့် မန်ယူအသင်းအနေနဲ့ ခေါ်ယူနိုင်မယ့်ကစားသမားစာရင်းထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

play

၅။ ဂျူအိုမာရီယို(အင်တာမီလန်)

ဂျူအိုမာရီယိုကို ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ မာရီယိုကို ခေါ်ယူနိုင်ဖို့ဆိုရင် မစ်ခီတာယန်နဲ့ အလဲအထပ်ပြုလုပ်ရမှာဖြစ်တာကြောင့် ယင်းအချိန်က အချေအတင် ပြောခဲ့ရပြီး အပြောင်းအရွှေ့မဖြစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မစ်ခီတာယန်ဟာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး ပွဲထွက်ခွင့်လည်း မရတာကြောင့် အသင်းကနေ ထွက်ခွာလိုနေတာကြောင့် အလိမ်အခေါက်ကျွမ်းကျင်ပြီး ဂိုးဖန်တီးမှုကောင်းတဲ့ ဂျူအိုမာရီယိုကို ခေါ်ယူလိုက်မယ်ဆိုရင် ကွင်းလယ်မှာ ပေါ့ဂ်ဘာနဲ့ အတွဲမိမိကစားနိုင်မှာ သေချာပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD