play

 

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ဘယ်နောက်ခံကစားသမား ဒန်နီရို့စ်က ပရီးမီးယားလိဂ် ၁၅ ပွဲဆက်တိုက်နိုင်ပွဲ ရရှိထားတဲ့ မန်ချက်စတာစီးတီးအသင်းကို မိမိတို့အသင်းအနေနဲ့ ရပ်တန့်နိုင်စွမ်းရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

လာမယ့်စနေနေ့ည ၁၂ နာရီမှာ မန်ချက်စတာစီးတီးအသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ယင်းပွဲစဉ်နဲ့ပတ်သက်ပြီး ဒန်နီရို့စ်က ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးရဲ့ယခုလို နိုင်ပွဲဆက်နေတဲ့ ခြေစွမ်းကို မိမိတို့အသင်းက အနိုင်ယူပြီး ရပ်တန့်နိုင်ခဲ့သလို ယခုရာသီမှာလည်း ထပ်မံရပ်တန့်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

"မန်စီးတီးအသင်းရဲ့အိမ်ကွင်းမှာ အရင်တုန်းက နိုင်ပွဲဆက်စံချိန်ကို ရပ်တန့်ခဲ့ဖူးတဲ့မှတ်တမ်းကို နောက်ထပ်တစ်ကြိမ် စွမ်းဆောင်နိုင်အောင် ကြိုးစားသွားမှာပါ။ မန်စီးတီးအသင်းက ဒီရာသီမှာ ကစားပုံ ပိုမိုကောင်းမွန်လာသလို သွင်းဂိုးတွေကိုလည်း မတူညီတဲ့ပုံစံအမျိုးမျိုးနဲ့ သွင်းယူနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းက သူတို့နဲ့တွေ့ဆုံတိုင်း ကောင်းမွန်တဲ့မှတ်တမ်းတွေကို ပိုင်ဆိုင်ထားတာကြောင့် လာမယ့်ပွဲမှာ အကောင်းဆုံးရင်ဆိုင်နိုင်ဖို့အတွက် ယုံကြည်မှု ပိုရှိစေပါတယ်"

"ပြီးခဲ့တဲ့ရာသီက မန်စီးတီးကို ရပ်တန့်ခဲ့သလို ချယ်ဆီးအသင်းကို ရပ်တန့်နိုင်ခဲ့တာ ကျွန်တော်တို့ အသင်းပါ။ အဲဒီလိုမျိုး စွမ်းဆောင်ရည်ကို ပြန်လည်ပြသဖို့ မျှော်လင့်ထားပါတယ်။ ဒီလိုပွဲမျိုးက နည်းပြကြီး မျှော်လင့်စောင့်စားနေရတဲ့ပွဲစဉ်မျိုးပါ။ အားလုံးက ဝိုင်းပြီးစောင့်ကြည့်နေကြမယ့် ပွဲစဉ်ဖြစ်တာကြောင့် ကစားသမားတိုင်းကလည်း ရာနှုန်းပြည့် အသင်းအတွက် ပေးဆပ်သွားမှာပါ"

"ဒီရာသီမှာ ကျွန်တော်တို့အသင်းအနေနဲ့ ထိပ်သီးအသင်းတွေနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားရတာ သိပ်မရှိသေးပါဘူး။ နောက်ဆုံး ၃ ပွဲမှာ ကျွန်တော်တို့အသင်း အနိုင်ရရှိထားတာကြောင့် လာမယ့်ပွဲစဉ်အတွက် စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ကစားသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video