AD
AD
AD
play

 

အာဆင်နယ်အသင်းရဲ့ကွင်းလယ်ဖန်တီးရှင် အိုဇေးလ်ဟာ အသင်းနဲ့ လာမယ့် ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး နည်းပြ အာစင်ဝင်းဂါးအနေနဲ့ အိုဇေးလ်ကို အသင်းမှာ ဆက်လက်ရှိနေဖို့ တတ်နိုင်သမျှ စည်းရုံးနေတာဖြစ်ပါတယ်။

အိုဇေးလ်ဟာ လက်ရှိအချိန်မှာ တစ်ပတ်လုပ်ခ ယူရို ၂၆၇၀၀၀ ရရှိနေတာဖြစ်ပြီး တစ်ရာသီကို ယူရို ၁၃.၈ သန်း ရရှိနေသူဖြစ်ပါတယ်။ ဒါပေမယ့် အိုဇေးလ်အနေနဲ့ တစ်နှစ်ကို လုပ်ခ ယူရို ၁၇.၈ သန်းအထိ တိုးမြှင့်ရရှိဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

play

 

ဘာစီလိုနာအသင်းဟာ အိုဇေးလ်ကို ခေါ်ယူလိုနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး အိုဇေးလ်ဟာ ပထမဦးစားပေးမဟုတ်ဘဲ လီဗာပူးအသင်းရဲ့ ကွင်းလယ်ကစားသမား ကော်တင်ဟိုကသာ အဓိက ဦးစားပေးဖြစ်နေတာကြောင့် အိုဇေးလ်အနေနဲ့ ဘာစီလိုနာအသင်းကိုသာ ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် ပုံမှန်ပွဲထွက်ခွင့်အတွက် မရေမရာဖြစ်နိုင်ပါတယ်။

play

 

ဒါကြောင့် အိုဇေးလ်သွားဖို့အတွက် ဖြစ်နိုင်ခြေအရှိဆုံးအသင်းဟာ တစ်ချိန်က ဘာနေဗျူးမှာ ရင်းနှီးပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိခဲ့ကြတဲ့ ဆရာဟောင်း မော်ရင်ဟိုကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းပဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ အိုဇေးလ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ကြိုးစားခွင့် ရှိနေသေးပြီး အာဆင်နယ်အသင်းမှာပဲ ဆက်ရှိနေမလား၊ ဘယ်ကို ပြောင်းရွှေ့မလဲဆိုတာကိုတော့ အိုဇေးလ်ကသာ အသိဆုံးဖြစ်ပါလိမ့်မယ်။

Source & Photos: AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD