AD
AD
AD

ပရီးမီးယားလိဂ်ကပေးအပ်ချီးမြှင့်တဲ့ တစ်လတာ အကောင်းဆုံး သွင်းဂိုးဆုကို အဲဗာတန်အသင်း တိုက်စစ်မှူး ၀ိန်းရွန်နီက ဆွတ်ခူးနိုင်ခဲ့ပါတယ်။

play

 

နိုဝင်ဘာလအတွက်ပေးအပ်တဲ့ အဆိုပါဆုကို အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်းအနေနဲ့ ပြီးခဲ့တဲ့ ၀က်စ်ဟမ်းအသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ တဲ့ပွဲမှာ သွင်းယူခဲ့တဲ့ အဝေးကန်ချက်ဂိုးနဲ့ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အဆိုပါဂိုးနဲ့ ပက်သက်ပြီး ၀ိန်းရွန်နီက - "ဒီဂိုးက ကျွန်တော့်ရဲ့ အကောင်းဆုံးဂိုးလို့တော့ ယူဆလို့ မရပါဘူး။ကျွန်တော်က အမြဲတမ်း ဂိုးသွင်းယူ လေ့ရှိနေတာကြောင့်ဒီ့ထက်ပိုကောင်းမွန်တဲ့ သွင်းဂိုးတွေ ရှိပါသေးတယ်။" လို့ အဲဗာတန် အသင်းရဲ့ တရားဝင် ၀က်ဘ်ဆိုဒ်ကို ထုတ်ဖော်ပြောခဲ့ ပါတယ်။

ဒါပေမယ့်လည်း ၎င်းရဲ့ သွင်းဂိုးအပေါ် -" ကျွန်တော် အရမ်းကို အထင်ကြီးမိပါတယ်။" လို့ အဲဗာတန်အသင်း လက်ထောက်နည်းပြ ရှိတ်စပီးယား ကထုတ်ဖော်ပြောခဲ့ပါတယ်။

ဝိန်းရွန်နီအနေနဲ့ အဆိုပါ ပွဲစဉ်တွင် ဟက်ထရစ်သွင်းဂိုးကို ရယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ မာဆေးဆိုဒ်ပွဲစဉ်အပါအ၀င် နယူးကာဆယ်ကိုအနိုင်ရခဲ့တဲ့ ပွဲစဉ်တွေမှာလည်း တစ်ဂိုးစီ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD