play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အားထားရတဲ့ နောက်ခံကစားသမား အဲရစ်ဘိုင်လီဟာ ခြေချင်းဝတ်ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်တာကြောင့် ၂ လကနေ ၃ လအထိ အနားယူရမယ်လို့ နည်းပြ မော်ရင်ဟိုက အတည်ပြုပြောကြားခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ ချယ်ဆီးအသင်းကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ အဲရစ်ဘိုင်လီ ဒဏ်ရာရရှိခဲ့ပြီး ယခုအခါမှာ ပြန်လည်မကောင်းမွန်လာတဲ့အတွက် ခွဲစိတ်မှု ပြုလုပ်ရမှာဖြစ်ပါတယ်။

play

 

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက "ဘိုင်လီအနေနဲ့ ခွဲစိတ်မှုပြုလုပ်ရမှာဖြစ်ပါတယ်။ အဲဒီလို ခွဲစိတ်ဖို့အတွက် ဆုံးဖြတ်ပြီးသွားပါပြီ။ ဒီတစ်ရာသီလုံး သူမကစားနိုင်တော့ဘူးလို့ ကျွန်တော်မပြောပါဘူး။ အနည်းဆုံး ၂ လကနေ ၃ လအထိတော့ အနားယူဖို့တော့ လိုအပ်ပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video