အာဆင်နယ်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးမှာ ဒူးကောက်ကြော ဒဏ်ရာကြောင့် အနည်းဆုံး သုံးပတ်ခန့်အနားယူရ မယ်လို့ သိရပါတယ်။

play

 

ရမ်ဆေးအနေနဲ့ ဒူးကောက်ကြောဒဏ်ရာကို ပြီးခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ သရေကျခဲ့တဲ့ ပွဲမှာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ရမ်ဆေးအနေနဲ့ ဒူးကောက်ကြောဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ၀က်စ်ဟမ်းအသင်းနဲ့ သရေကျခဲ့တဲ့ ပွဲမှာကတည်းက ပါဝင်နိုင်ခြင်း မရှိခဲ့သလို ယနေ့ညမှာ ကစားမယ့် နယူးကာဆယ်နဲ့ပွဲမှာလည်း ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ုအာဆင်နယ်အသင်းအနေနဲ့ လာမယ့် ဇန်န၀ါရီလ ၇ ရက်နေ့အထိ ပွဲစဉ်ပေါင်း ၅ ပွဲခန့် ကစားဖို့ရှိနေပြီး လန်ဒန်ဒါဘီ ချဲလ်ဆီးအသင်းကိုလည်း ဇန်န၀ါရီ ၃ ရက်နေ့မှာ ရင်ဆိုင်ကစားရဖို့ရှိနေသလို ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်လည်း ကစားဖို့ရှိနေပါတယ်။ဒါ့အပြင် အက်ဖ်အေ ဖလား ပွဲစဉ်အဖြစ် ဇန်န၀ါရီလ ၇ ရက်နေ့မှာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့လည်း ကစားဖို့ရှိနေပြီး အဆိုပါ ပွဲစဉ်အားလုံးကို ရမ်ဆေးအနေနဲ့ လွဲချော်ဖို့ရှိနေတာလည်း ဖြစ်ပါတယ်။

ရမ်ဆေးအပြင် သီယိုဝဲလ်ကော့လည်း ပေါင်ခြံဒဏ်ရာကြောင့် ယနေ့ညပွဲကို လွဲချော်မယ်လို့ ထပ်မံသိရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လက်ရှိမှာ ပွဲစဉ် ၁၇ ပွဲကစားအပြီး အဆင့် ၇ နေရာမှာသာ ရပ်တည်ထားနိုင်ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video