AD
AD
AD

အာဆင်နယ်အသင်းမှ ကွင်းလယ်ကစားသမား ၀ီးလ်ရှိုင်းယားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ၂၀၁၇ ခုနှစ် မကုန်ခင်မှာ တွေ့ဆုံဆွေးနွေးသွားမယ် လို့ အာဆင်နယ်အသင်း မန်နေဂျာ အာစင်ဝင်းဂါးက ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

အာစင်ဝင်းဂါးအနေနဲ့ အခုလို ထုတ်ဖော်ပြောလာခဲ့ခြင်းမှာ ၀ီးလ်ရှိုင်းယားက ပြီးခဲ့တဲ့ အင်္ဂါနေ့က standard sport သတင်းဌာန တစ်ခုကို - ကျွန်တော့်ရဲ့ နေ့ရက်တွေ ကုန်ဆုံးခဲ့ပါပြီ။" လို့ ပြောကြားခဲ့တာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

play

 

အာစင်ဝင်းဂါးအနေနဲ့ ၀ီးလ်ရှိုင်းယားနဲ့ ပက်သက်ပြီး လာမယ့် နွေရာသီမှာမှ စကားပြောလိုသော်လည်း ယခုအခါ ဒီဇင်ဘာ မကုန်ခင်မှာပင် စာချုပ် သစ်အတွက် စကားပြောသွားမယ်လို့လည်း ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော်သူ့ကို ပြောခဲ့ပါတယ်။၂၀၁၇ အကုန်မှာ ကျွန်တော်တို့ ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ဒါကအမှန်ပါပဲ။ကျွန်တော်သူ့ကို ယခုထက်ပိုမိုကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ မြင်ချင်ပါသေးတယ်။ဘာလို့လည်းဆိုတော့ သူက အာဆင်နယ်ကစားသမားတစ်ယောက်ဖြစ်နေလို့ ပါပဲ။" လို့ အာစင်ဝင်းဂါးက ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ ၀ီးလ်ရှိုင်းယားအနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ပွဲထွက်ကစားခွင့်ကို ပြီးခဲ့တဲ့ ၀က်စ်ဟမ်းအသင်းနဲ့ပွဲမှာမှ ရက်ပေါင်း ၅၇၇ ရက်အကြာမှာ ပထမဆုံး ပြန်လည်ပွဲထွက်ကစားခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အာဆင်နယ်အသင်းရဲ့အဓိက ကွင်းလယ်ကစားသမား ရမ်ဆေး ဒဏ်ရာကြောင့် အနားယူရတော့မှာ ဖြစ်တာကြောင့်လည်း ၀ီးလ်ရှိုင်းယားအတွက် ခြေစွမ်းပြဖို့ အခွင့်အရေးကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်ပါတယ်။

Source- Evening Standard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD