AD
AD
AD

စနေနေ့ညရဲ့ အစောဆုံး ပရီးမီးယားလိဂ် ပွဲစဉ်ဖြစ်တဲ့ လက်စတာအသင်းနဲ့ ပဲလေ့စ်အသင်းတို့ပွဲစဉ်မှာတော့ နည်းပြ ရွိုင်းဟော့ဆန်ရဲ့ ပဲလေ့စ်အ သင်းက အဝေးကွင်းမှာ ခြေစွမ်းပြကာ ၃-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

play

ပရီးမီးယားလိဂ် နောက်ဆုံး ၄ပွဲဆက်မှာ စပါးအသင်းအပါအ၀င် ဘန်လေ၊နယူးကာဆယ်နဲ့ ဆောက်သမ်တန်တို့ကို အနိုင်ရရှိခဲ့တဲ့ လက်စတာ အနေနဲ့ ယနေ့ပွဲမှာ လူစုံထုတ်ကစားခဲ့ပေမယ့်လည်း တန်းဆင်းဇုန်က ရုန်းနေတဲ့ပဲလေ့စ်ကို အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ပဲလေ့စ်အသင်းအတွက်တော့ ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲဆက် ရှုံးပွဲမရှိတဲ့စံချိန်ကို တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နည်းပြ ရွိုင်းဟော့ဆန်အနေနဲ့လည်း လက်စတာစီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ အချိန်တိုင်း ရှုံးနိမ့်ခဲ့ခြင်း မရှိသေးတဲ့ စံချိန်ကောင်းကို လည်း ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။

ယခုလို အနိုင်ရရှိခဲ့တာကြောင့် ပဲလေ့စ်အသင်း အနေနဲ့ သမိုင်းတစ်လျှောက် အဝေးကွင်း ၃ ပွဲဆက် ကစားရာမှာ မရှုံးခဲ့ဖူးသေးတဲ့ စံချိန်ကိုလည်းတင်ရှိနိုင်ခဲ့ပါပြိ။

လက်ရှိအချိန်မှာတော့ ပဲလေ့စ်အသင်းအနေနဲ့ တန်းဆင်းဇုန်က ရုန်းထွက်လာနိုင်ခဲ့ပြီဖြစ်ကာ ရမှတ် ၁၇ မှတ်အထိ ရရှိထားပြီး အဆင့် ၁၄ နေရာ ထိ တက်လှမ်းထားနိုင်ခဲ့ပါတယ်။

ရှုံးနိမ့်ခဲ့တဲ့ လက်စတာအသင်းကတော့ အဆင့် ၈ နေရာမှာ ဆက်လက်ရပ်တည်ထားနိုင်ခဲ့ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD