AD
AD
AD

စနေနေ့ည ၉ နာရီခွဲပွဲစဉ်တွေထဲက အာဆင်နယ်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းက ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ အိုလ်ဇေးက မြေမကျဘောကန်သွင်းရယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ နှစ်ပွဲဆက်သရေကျခဲ့တာကြောင့် ရမှတ်ဆုံးရှုံးနေမှုကို ပြန်လည် ချေဖျက်နိုင်ဖို့အတွက် ယနေ့ အိမ်ကွင်းပွဲစဉ်မှာ ဒဏ်ရာရနေတဲ့ရမ်ဆေးနေရာမှာ ၀ီးလ်ရှိုင်းယားနဲ့ ဘယ်နောက်ခံလူ ကိုလာစီနက်နေရာမှာ လူငယ်ကစားသမားလေး မေလန်နီလပ်စ်ကို ထည့်သွင်းကစားစေခဲ့တာကလွဲလို့ လူစုံထုတ်ယှဉ်ပြိုင်ခဲ့ပါတယ်။

ယနေ့ပွဲအနိုင်ရခဲ့တာကြောင့်လည်း အာဆင်နယ်အသင်းအနေနဲ့ အဆင့် ၇ နေရာမှ အဆင့် ၄သို့ တက်လှမ်းရပ်တည်ထားနိုင်ခဲ့ပေမယ့်လည်း နယူးကာဆယ်အသင်းအတွက်တော့ နောက်ဆုံး ၉ ပွဲဆက်မှာ ၈ ပွဲမြောက်ရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။

ဒီပွဲအရှုံးကြောင့်လည်း နယူးကာဆယ်အသင်းအနေနဲ့ အဆင့် ၁၈ အထိ ဆင်းသက်ရပ်တည်နေခဲ့ရပြီဖြစ်ပါတယ်။

Source- BBC SPORT/Photos- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD