play

 

စနေနေ့ည ၁၂ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ တိုက်စစ်မှာ စတားလင်း၊ အဂူရို၊ ဆာနေးတို့နဲ့ပွဲထွက်လာခဲ့ပြီး အိမ်ကွင်းပရိသတ်ရှေ့မှာ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပါတယ်။ ၁၄ မိနစ်မှာ ဂန်ဒိုဂန်က ဆာနေးရဲ့ပေးပို့မှုကနေတစ်ဆင့် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ ဒုတိယပိုင်း ၅၈ မိနစ်မှာ ခြေစွမ်းမပြသနိုင်တဲ့ အဂူရိုရဲ့နေရာမှာ ဂက်ဘရီရယ်ဂျီးဆပ်ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ မိနစ် ၇၀ မှာ ဒီဘရိုင်းက ဂန်ဒိုဂန်ရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် မန်စီးတီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

၇၆ မိနစ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နောက်ခံကစားသမား ဗာတွန်ဂန်ဟာ ဒီဘရိုင်းကို ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီကန်ခွင့်ပေးခဲ့ပြီး မန်စီးတီးအသင်းရဲ့တိုက်စစ်မှူး ဂက်ဘရီရယ်ဂျီးဆပ်ကန်သွင်းခဲ့ရာမှာ တိုင်ထိပြီး လွဲချော်ခဲ့ပါတယ်။

play

 

မိနစ် ၈၀ မှာ ဆာနေးရဲ့ပေးပို့မှုကနေ စတားလင်းက မန်စီးတီးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ယနေ့ပွဲစဉ်မှာ မန်စီးတီးအသင်းဘက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ မန်စီးတီးအသင်းရဲ့ တိုက်စစ်ကိုသာ ကာကွယ်နေခဲ့ရပါတယ်။

play

 

ပွဲကစားချိန်ပြည့်မြောက်တဲ့ မိနစ် ၉၀ မှာ မန်စီးတီးအသင်းရဲ့တောင်ပံကစားသမား စတားလင်းကပဲ မန်စီးတီးအသင်းအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ချေပဂိုးပြန်လည်ရရှိဖို့ မျှော်လင့်ချက်မရှိသလောက် နည်းပါးနေပေမယ့် နောက်ဆုံးမိနစ်မှာ ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ပြီး အချိန်ပို ၉၃ မိနစ်မှာ စပါးအသင်းရဲ့ကွင်းလယ်ကစားသမား အဲရစ်ဆင်က စပါးအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ မန်ချက်စတာစီးတီးအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video