AD
AD
AD
play

 

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုဟာ စနေနေ့ည ၁၂ နာရီက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မှာ ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဟာ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် အတွေ့အကြုံတစ်ခုရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ပေါ့ချက်တီနိုက မန်ချက်စတာစီးတီးအသင်းဟာ အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းဖြစ်ကြောင်း ဝန်ခံခဲ့ပြီး မိမိရဲ့ကစားသမားတွေအနေနဲ့ ယခုလို ကြီးမားတဲ့ရှုံးပွဲထဲကနေ သင်ခန်းစာယူကြဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ အားထားရတဲ့ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗား မပါဝင်နိုင်ပေမယ့် တော့တင်ဟမ်ဟော့စပါးအသင်းကို အလွယ်တကူအနိုင်ယူပြီး ၁၆ ပွဲဆက်တိုက်နိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

"ခုပွဲစဉ်က အသင်းအတွက် အတွေ့အကြုံတစ်ခုပဲလို့ ကျွန်တော် ထင်ပါတယ်။ ခင်ဗျားအနေနဲ့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး အနိုင်ရသွားခဲ့လို့ရှိရင် ဘာကိုမှ လေ့လာသင်ယူဖြစ်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုပွဲစဉ်မျိုးကနေ လေ့လာသင်ယူသင့်ပါတယ်"

"ကျွန်တော်တို့မှာ ကောင်းမွန်တဲ့အရာတွေ အများကြီးရှိပါတယ်။ ကောင်းမွန်တဲ့ပုံစံနဲ့ ကျွန်တော်တို့ အသင်းကစားနိုင်ခဲ့သလို ကောင်းမွန်တဲ့အရှိန်အဟုန်လည်း ရှိခဲ့ပါတယ်"

"ပွဲအစမှာတော့ အရမ်းကြီးမဆိုးခဲ့ပါဘူး။ ဒါပေမယ့် ထောင့်ကန်ဘောကနေ ဂိုးပေးလိုက်ရတာကတော့ တော်တော်ဆိုးတဲ့ အမှားကြီးတစ်ခုပါ။ မန်စီးတီးအသင်းအတွက်တော့ ကြီးမားတဲ့လက်ဆောင်တစ်ခုဖြစ်သွားတာပေါ့။ ခင်ဗျားရဲ့အသင်းကသာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်နေရင် အဲဒီလိုမျိုးလက်ဆောင်ကို ခင်ဗျား ပေးနိုင်မှာမဟုတ်ပါဘူး"

"ခင်ဗျားရဲ့အသင်းက ကောင်းမွန်တဲ့အရည်အသွေးနဲ့ ကစားနေတဲ့အချိန်မှာ ဂိုးသွင်းယူနိုင်မယ့်အခွင့်အရေးဖြစ်လာနိုင်တဲ့အခြေအနေတွေ သူတို့ကို ပေးခဲ့မယ်ဆိုရင် အန္တရာယ်နဲ့ကစားမိတာဖြစ်မှာပဲ။ ကျွန်တော်တို့ ကစားနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူတို့အသင်းက ပိုကောင်းမွန်ခဲ့တယ်။ သူတို့ကို ဂုဏ်ပြုသင့်ပါတယ်။ သူတို့အသင်းဟာ အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD