AD
AD
AD
play

 

ယနေ့ည ၈ နာရီ ၄၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

မန်ချက်စတာယူနိုက်တက်အသင်းဟာ အဝေးကွင်းမှာ လူကာကူကို တိုက်စစ်မှာ အထောင်ထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းက ဖိအားပေးကစားနိုင်ခဲ့ပြီး ၂၇ မိနစ်မှာ လူကာကူက ရက်ရှ်ဖို့ဒ်ရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

၃၅ မိနစ်မှာ မာတာရဲ့အကွက်မြင်မြင်ဖန်တီးပေးပို့မှုကနေတစ်ဆင့် ဂျက်စီလင်ဂတ်က မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ ဝက်စ်ဘရွန်းအသင်းက ချေပဂိုး ပြန်လည်သွင်းယူနိုင်ဖို့ကြိုးစားခဲ့ပြီး စုစုပေါင်း ဂိုးပေါက်ကန်သွင်းမှု ၁၂ ကြိမ်အထိ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ၇၇ မိနစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်ခံကစားသမားဟောင်း ဂျွန်နီအီဗန်ရဲ့ပေးပို့မှုကနေတစ်ဆင့် ဂါရတ်ဘယ်ရီက ဝက်စ်ဘရွန်းအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD