play

 

တနင်္ဂနွေနေ့ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘုန်းမောက်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

play

 

လီဗာပူးအသင်းဟာ တိုက်စစ်မှာ ဖာမီနို၊ ဆာလာနဲ့ ကော်တင်ဟိုတို့ကို အသုံးပြုပြီး ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း စတင်ချိန်ကတည်းက လီဗာပူးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားနိုင်ခဲ့ပြီး မိနစ် ၂၀ မှာ ကော်တင်ဟိုက လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

၂၆ မိနစ်မှာ လီဗာပူးအသင်းက ထောင့်ကန်ဘောကန်ခွင့်ရရှိခဲ့ပြီး ဖာမီနိုရဲ့ ပေးပို့မှုကနေတစ်ဆင့် လော့ဗ်ရန်က လီဗာပူးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဘုန်းမောက်အသင်းဟာ ယနေ့ပွဲစဉ်မှာ လီဗာပူးအသင်းရဲ့ကစားကွက်ကို ထိန်းချုပ်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ခံစစ်နဲ့သာ ကစားခဲ့ရတာကို တွေ့ရပါတယ်။ ပထမပိုင်းပြီးဆုံးခါနီး ၄၄ မိနစ်မှာ ချန်ဘာလိန်ရဲ့ပေးပို့မှုကနေတစ်ဆင့် လီဗာပူးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ယခုဂိုးဟာ မိုဟာမက်ဆာလာအတွက် သွင်းဂိုး ၂၀ ပြည့်မြောက်တဲ့ ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာလည်း လီဗာပူးအသင်းကသာ တစ်ကွင်းလုံး စိုးမိုးထားနိုင်ခဲ့ပြီး ဘုန်းမောက်အသင်းဘက်ကို အကြိမ်ကြိမ် တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ ၆၆ မိနစ်မှာ ကော်တင်ဟို ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ဖာမီနိုက လှလှပပခေါင်းတိုက်ပြီး လီဗာပူးအသင်းအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

လီဗာပူးအသင်းဟာ ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်အသင်း ရယူထားတဲ့အဆင့် ၄ နေရာကို ပြန်လည်ရယူနိုင်ခဲ့ပြီး ဇယားထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ၁၈ မှတ်အကွာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video