AD
AD
AD
play

 

အာဆင်နယ်အသင်းရဲ့တောင်ပံကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ တရုတ်စူပါလိဂ်အသင်းတစ်သင်းက တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

play

 

တရုတ်စူပါလိဂ်အသင်းဖြစ်တဲ့ Heibei China Fortune အသင်းက ဆန်းချက်ဇ်ကို ပရီးမီးယားလိဂ်ကနေ ခေါ်ယူနိုင်ဖို့အတွက် မြင့်မားတဲ့ လစာငွေနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဆန်းချက်ဇ်က ပရီးမီးယားလိဂ်မှာသာ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

play

 

ဆန်းချက်ဇ်ဟာ တရုတ်စူပါလိဂ်ရဲ့ငွေကြေးချမ်းသာမှုထက် ဆရာဟောင်းဖြစ်သူ ပက်ဂွါဒီယိုလာနဲ့ ပြန်လည် ပေါင်းစည်းဖို့ကိုသာ စိတ်ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဆန်းချက်ဇ်အနေနဲ့ တရုတ်စူပါလိဂ်မှာ သွားရောက်ကစားခဲ့မယ်ဆိုရင် အခွန်ဆောင်ပြီး တစ်နှစ်ကို ပေါင် ၂၁ သန်းအထိ ရရှိမှာဖြစ်ပေမယ့် မန်ချက်စတာစီးတီးအသင်းကိုသာ သွားရောက်ကစားလိုနေတာဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့နွေရာသီတုန်းက ဆန်းချက်ဇ်ဟာ မန်ချက်စတာစီးတီးအသင်းကို ရောက်ရှိဖို့နီးစပ်ခဲ့ပေမယ့် အာဆင်နယ်အသင်းဟာ မိုနာကိုအသင်းရဲ့ တောင်ပံကစားသမား လီမာကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ဆန်းချက်ဇ်ကို အသင်းကနေ ထွက်ခွာခွင့် မပြုခဲ့တာကြောင့် အာဆင်နယ်အသင်းမှာ ဆက်လက်ရှိနေသူဖြစ်ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD