မန်စီးတီးအသင်းအနေနဲ့ အသင်းရဲ့ အဓိက ကစားသမား ကီဗင်ဒီဘရိုင်းကို နှစ်ရှည် စာချုပ်သစ် တစ်ရပ် ထပ်တိုး ချုပ်ဆိုနိုင်တော့မယ်လို့ သိရပါတယ်။

play

 

အသက် ၂၆ နှစ်အရွယ် ဒီဘရိုင်းအနေနဲ့ မန်စီးတီးအသင်းကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၆ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားတာလည်း ဖြစ်ပါတယ်။

play

 

လက်ရှိမှာတော့ မန်စီးတီးအသင်းရဲ့ ၁၆ ပွဲဆက်အနိုင်ရလဒ်မှ အထူးခြေစွမ်းပြ ကစားပေးခဲ့တဲ့ ဒီဘရိုင်းကို စာချုပ် သက်တမ်းထပ်မံ တိုးချုပ်လိုတာ ဖြစ်ပါတယ်။

“အခုလို သတင်းကြားရတာ အရမ်းပျော်ပါတယ်။ကျွန်တော် ဒီကနေ ဘယ်ကိုမှ သွားဖို့ စိတ်ကူးမရှိပါဘူး။” လို့ ဒီဘရိုင်းက ထုတ်ဖော်ပြောခဲ့ပါတယ်။

ဒီဘရိုင်းအနေနဲ့ လက်ရှိ ပရီးမီးယားလိဂ်မှာ ၆ ဂိုးအထိ သွင်းယူထားနိုင်ကာ ၈ ဂိုးအထိ ဖန်တီးပေးပို့မှုပြုလုပ် ထားနိုင်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ယခုနှစ် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုအတွက် စာရင်းမှာလည်း ထိပ်ဆုံးက ဦးဆောင် နေတယ်လို့ သိထားရပါတယ်။

အခြားဆက်စပ်သတင်းအရ မန်စီးတီးအသင်းအနေနဲ့ ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဘရာဇီးလ်ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုကိုလည်း စာချုပ်သစ်ထပ်မံချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video