AD
AD
AD

ချဲလ်ဆီးအသင်းကနေ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်နေတဲ့ ဒေးဗစ်လုဇ်ကို လန်ဒန်မြို့ခံကလပ် အာ ဆင်နယ်အသင်းက ခေါ်ယူနိုင်ရေး ကြိုးစားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

play

 

နောက်တန်းလိုအပ်ချက် ရှိနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ အသက် ၃၀ အရွယ် ဒေးဗစ်လုဇ်ကို ပေါင် သန်း ၃၀ နဲ့ ခေါ်ယူနိုင်ရေးအတွက် စောင့်ကြည့်နေတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

play

 

ဒါ့အပြင် နောက်ခံလူအပြင် ကွင်းလယ်ခံစစ်နေရာမှာပါ ကစားနိုင်တဲ့ ဒေးဗစ်လုဇ်မှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့မှာ အတွေ့အကြုံရင့် ကစားသမားတစ်ယောက်ဖြစ်တာကြောင့်လည်း အာဆင်နယ်အသင်းက ခေါ်ယူချင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်းဒေးဗစ်လုဇ်ကို မန်ယူအသင်းအပြင် ဂျူဗင်တပ်၊ရီးရဲမက်ဒရစ်အသင်းတို့ကပါ ခေါ်ယူနိုင်ရေး ချည်းကပ်နေကြတာကြောင့် အာ ဆင်နယ်အသင်းအတွက်တော့ အပြိုင်ကြိုးပမ်းသွားရဖို့ရှိနေပါတယ်။

ဒေးဗစ်လုဇ်အနေနဲ့ ရိုးမားကို ၃-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ ၎င်းကိုထည့်သွင်းအသုံးအပြုခဲ့တာနဲ့ ပက်သက်ပြီး နည်းပြ ကွန်တီနဲ့ တွေ့ဆုံ စကားပြောအပြီးမှာတော့ နည်းပြ ကွန်တီက-" ကျွန်တော့်အနေနဲ့ကတော့ သူ့ကို နောက်တန်းလူစာရင်းမှာ ပြန်မြင်ချင်ပါတယ်။" လို့ ထုတ်ဖော်ပြောခဲ့ပေမယ့် လုဇစ်ကတော့-" ပွဲထွက်ခွင့်မရဘူးဆိုရင်တော့ ထွက်ခွာမယ်" လို့ ယတိပြတ်ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးမှာ ဒေးဗစ်လုဇ်ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီးတော့လည်း -" ကျွန်တော် မသိပါဘူး။လက်ရှိ ဗဟိုခံစစ်နေရာမှာ ခြေစွမ်းပြ ကစား ပေးနေနိုင်တဲ့ လူငယ်ကစားသမားလေး ခရစ်စတန်ဆန်က အသင်းရဲ့ အနာဂတ်ပါ" လို့ ကွန်တီက ထုတ်ဖော်ပြောခဲ့တာကြောင့်လည်း ဒေးဗစ် လုဇ်အနေနဲ့ ချဲလ်ဆီးက ထွက်ခွာဖို့ ပိုမို သေချာစေခဲ့ပြီလို့လည်းသိရပါတယ်။

Soruce- Express

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD