AD
AD
AD

ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အဲဗာတန်အသင်းနဲ့ ဆွမ်ဆီးစီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ အဲဗာတန်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

play

 

အဲဗာတန်အသင်းဟာ တိုက်စစ်မှာ ကယ်ဗာ့လီဝင်းကို အထောင်ထားပြီး လန်နွန်၊ ဝိန်းရူနီ၊ ဆီဂတ်ဆန်တို့နဲ့ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် အကြိတ်အနယ်ရှိခဲ့ကြပြီး အပြန်အလှန်ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ၃၅ မိနစ်မှာ သောမတ်စ်ကာရိုးလ်ရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် လီရွိုင်းဖားက ဆွမ်ဆီးစီးတီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

အဲဗာတန်အသင်းဟာ ချေပဂိုး ပြန်လည်ရရှိဖို့ ကြိုးစားခဲ့ပြီး ပထမပိုင်းပွဲကစားချိန်ပြည့်မြောက်လို့ နာကျင်အချိန်ပို ၁ မိနစ်ပေးခဲ့ရာ ၄၆ မိနစ်မှာ အဲဗာတန်အသင်းရဲ့တောင်ပံကစားသမား အာရွန်လန်နွန်ကို ဆွမ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား မီဆာက နောက်ကနေဆွဲလှဲခဲ့တာကြောင့် ကွင်းလယ်ဒိုင်က အဲဗာတန်အသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။ ယင်းပင်နယ်တီကို ဝိန်းရူနီက ကန်သွင်းခဲ့ရာ ဆွမ်ဆီးအသင်းရဲ့ဂိုးသမား ဖေဘီယန်စကီးက ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး နောက်ကနေ အသင့်စောင့်နေတဲ့ အဲဗာတန်အသင်းရဲ့တိုက်စစ်မှူး ကယ်ဗာ့လီဝင်းက အပြင်းကန်သွင်းပြီး အဲဗာတန်အသင်းအတွက် ချေပဂိုးကို ရယူပေးခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ အဲဗာတန်အသင်းရဲ့ကစားပုံ ပိုမိုကောင်းမွန်လာပြီး ၆၄ မိနစ်မှာ ဝိန်းရူနီနဲ့အပေးအယူလုပ်ပြီး ဆီဂတ်ဆန်က ဘီးကုပ်စက်ဝိုင်းထိပ်ကနေ အပြင်းကန်သွင်းခဲ့ရာ ဖေဘီယန်စကီးဘယ်လိုမှ မကာကွယ်လိုက်နိုင်ဘဲ အဲဗာတန်အသင်းကို ဒုတိယဦးဆောင်ဂိုး ပေးခဲ့ရပါတယ်။

play

 

၇၃ မိနစ်မှာ အဲဗာတန်အသင်းရဲ့ညာနောက်ခံကစားသမား ကန်နီကို ဆွမ်ဆီးအသင်းရဲ့ဘယ်နောက်ခံကစားသမား မာတင်အော်ဆင်က ပင်နယ်တီဧရိယာအစပ်မှာ နောက်ကနေ ခြေလှမ်းချိတ်ခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က ပင်နယ်တီပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ပါတယ်။ ယင်းပင်နယ်တီပြစ်ဒဏ်ဘောကို ဝိန်းရူနီကပဲ ကန်သွင်းခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ဖေဘီယန်စကီး မကာကွယ်လိုက်နိုင်ဘဲ ခွင့်ပြုပေးခဲ့ရပါတယ်။

play

 

အဲဗာတန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ နိုင်ပွဲ ၄ ပွဲ၊ သရေတစ်ပွဲရလဒ် ရရှိထားပြီး အကောင်းဆုံးပုံစံနဲ့ အဆင့် ၉ နေရာအထိ တက်လှမ်းပြီး ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD