AD
AD
AD

အရက်မူးပြီး ကားမောင်းခဲ့လို့ သန့်ရှင်းရေး လုပ်ငန်းကို နာရီ ၁၀၀ လုပ်ကိုင်ဆောင်ရွက်ဖို့ အပြစ်ပေးခြင်း ခံထားရတဲ့ အဲဗာတန်အသင်းရဲ့ တိုက် စစ်မှူး ၀ိန်းရွန်နီက အဆိုပါ အလုပ် လုပ်ကိုင်နေရခြင်းမှာ အမှန်တစ်ကယ်ပျော်ရွှင်နေပါတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ချမှတ်ခဲ့တဲ့ အဆိုပါ ပြစ်ဒဏ်တွင် ၀ိန်းရွန်နီအပေါ် ၂ နှစ်ကားမောင်းခွင့်ပိတ်ပင်ခြင်း အပါအ၀င် အများပြည်သူ အသုံးပြုနေတဲ့ ပန်းခြံမှာ နာရီ ၁၀၀ ကြာ သန့်ရှင်းရေး လုပ်အား ပေးရမှာလည်း ဖြစ်ပါတယ်။

play

 

"ကျွန်တော် အရမ်းကို မိုက်မဲတဲ့ လုပ်ရပ်ကို လုပ်ခဲ့ပါတယ်။အခုတော့ ဒီအပြစ်ဒဏ်တွေကို ပေးဆပ်နေရရုံပဲ ရှိတာပေါ့။ဒါပေမယ့် ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။"  လို့ ၀ိန်းရွန်နီက ထုတ်ဖော်ပြောခဲ့ပါတယ်။

ဒါ့အပြင် -" ဒီအလုပ်က တစ်ကယ်ကို ဆန်းကြယ်ပါတယ်။နောက်ပြီး ကျွန်တော့်ကိုလည်းပျော်ရွှင်မှု ပေးနိုင်ပါတယ်။အဲ့ဒီနေရာမှာ ကျွန်တော်တို့ ဘောလုံးအကြောင်းတွေ မပြောဖြစ်ကြပါဘူး။အဲ့နေရာက သီးသန့် အနားယူဖို့ အကောင်းဆုံး နေရာပါပဲ။အရိုးသားဆုံး ပြောရရင် အဲ့နေရာမှာ သူတို့နဲ့အတူတူ အလုပ်လုပ်နေရတာ အရမ်းပျော်ရွှင်နေပါတယ်။ကျွန်တော့်ရဲ့ အပြစ်ဒဏ်နာရီ ပြည့်မြောက်ခဲ့ရင်လည်း သူတို့နဲ့အတူတူ ဆက်လုပ် နေဖို့ ဆန္ဒရှိပါတယ်။" လို့ ထပ်မံ ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ နာရီပေါင်း ၁၀၀ ပြည့်ဖို့ တစ်ဝက်ကျော်လောက် အလုပ်လုပ်ပြီးနေပြီဖြစ်တဲ့ ၀ိန်းရွန်နီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့က အရက်အမူးလွန်ပြီး ကားမောင်းခဲ့လို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD