AD
AD
AD

မန်ချက်စတာ ယူနိုက်တက်အသင်း ကစားသမားတွေဖြစ်တဲ့ အေဗရာမိုဗစ်၊ပေါ့ဘာ အစရှိတဲ့ ကစားသမားတွေက ဦးဆောင်ပြီး မန်ချက်စတာ ပြည်နယ်အတွင်းရှိ ကလေး ဆေးရုံ ၃ ခုကို သွားရောက်ကာ ဆေးကုသမှု ခံယူနေရတဲ့ ကလေးငယ်တွေနဲ့ တွေ့ဆုံ အားပေး စကားပြောပြီး လက်ဆောင်ပေးတဲ့ အစီအစဉ်တစ်ခုကို ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။

play

 

မိုဗစ်နဲ့ ပေါ့ဘာတို့မှာ မန်ချက်စတာပြည်နယ်ရှိ တော်ဝင် မန်ချက်စတာ ကလေးဆေးရုံကိုသွားရောက်ကာ ကလေးငယ်တွေကို တွေ့ဆုံခဲ့ပြီး လက်ဆောင်တွေပေးကာ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။

play

 

" ကျွန်တော်တို့ရဲ့ ဘ၀မှာ ဘောလုံးထက်အရေးကြီးတဲ့ အရာတွေ အများကြီးရှိပါတယ်။ကလေးတွေနဲ့ တွေ့ဆုံခွင့်ပေးတဲ့ ဆေးရုံကတာဝန်ရှိသူ တွေကိုလည်း ကျေးဇူးတင်ပါတယ်။" လို့ မိုဗစ်က ၎င်းရဲ့ တွစ်တာ အကောင့်မှတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

play

 

နောက်ထပ် ကစားသမားတွေဖြစ်တဲ့ မိုက်ကယ်ကာရစ်၊စမောလင်းနဲ့ ဖီးလ်ဂျုံးတို့ကတော့ ဒစ်ဘူရီ ဖရန့်စ်ဟောက်စ် ကလေးသူငယ် စောင့်ရှောက်ရေး ဂေဟာကို သွားရောက်ခဲ့ပြီး လက်ဆောင်ပစ္စည်းတွေ အပါအ၀င် လိုအပ်တဲ့ အထောက်အပံ့အချို့ကိုလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဒါ့အပြင် လူကာကူ၊ဒါမီယန်းနဲ့ ဘလိုင်းတို့ကလည်း ခရစ္စတင်း ပါလာတိုင်း စောင့်ရှောက်ရေး စင်တာကိုသွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ယင်းကဲ့သို့ ဆေးရုံတွေနဲ့ စောင့်ရှောက်ရေးစင်တာတွေကို သွားရောက်ခဲ့တဲ့ မန်ယူကစားသမားများအနေနဲ့ ကလေးသူငယ်တွေနဲ့အတူ အမှတ်တရ ဓာတ်ပုံတွေရိုက်ကူးကြသလို လက်ဆောင်တွေကိုလည်းပေးအပ်ခဲ့ပြီး ၎င်းတို့ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ မန်ယူအသင်း အိမ်ကွင်း ဂျာစီတွေကိုလည်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Source- Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD