AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး လူကာကူဟာ ဝက်စ်ဘရွန်းအသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူအပြီး အောင်ပွဲခံဖို့ ငြင်းဆန်ခဲ့တာဟာ မိမိကိုယ်တိုင်ရော၊ အသင်းဖော်တွေကိုပါ လေးစားမှုမရှိတာလို့ အားကစားစိတ်ပညာရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

play

 

ဝက်စ်ဘရွန်းအသင်းနဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိစေမယ့် အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း အနိုင်ဂိုးကို သွင်းယူပေးပြီး ပရိသတ်တွေဘက်ကို မျက်နှာမူပြီး ရပ်ရုံသာ ရပ်နေခဲ့ပြီး အောင်ပွဲခံဖို့ကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

play

 

အားကစားစိတ်ပညာရှင်ဖြစ်တဲ့ ဖီးလ်ဂျွန်ဆင်က လူကာကူအနေနဲ့ အသင်းဖော်တွေကို လေးစားမှုကင်းမဲ့တဲ့လုပ်ရပ်ကို လုပ်ခဲ့တာလို့ Betstars သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

"လူကာကူရဲ့အပြုအမူက မော်ရင်ဟိုကို ရောင်ပြန်ဟပ်နေတာပဲ။ ဘယ်ဂျီယံအသင်းရဲ့စီမံခန့်ခွဲမှုကို ကျွန်တော် ကောင်းကောင်းသိပါတယ်"

"လူကာကူက မာရှယ်လိုမျိုး ထောက်ခံအားပေးမှုလိုအပ်နေတဲ့ လူငယ်တစ်ယောက်ပါ။ သူသာ ဂွါဒီယိုလာအတွက် ကစားပေးနေရတာဆိုရင် မော်ရင်ဟိုဆီကနေ သူရနေတဲ့အရာနဲ့မတူညီတဲ့ ဆက်ဆံရေးနဲ့ ကွဲပြားခြားနားတဲ့ ထောက်ခံအားပေးမှုပုံစံတွေကို သူရမှာပါ"

"လူကာကူအနေနဲ့ ဘောလုံးကို ဂိုးထဲရောက်အောင် သွင်းယူဖို့ လိုပါတယ်။ ဖယ်ကာအိုကိုပဲကြည့်။ သူ မန်ယူကို ရောက်လာတော့ ဂိုးလေး နည်းနည်းလောက်ပဲ သွင်းနိုင်တယ်။ ပြီးတော့ မိုနာကိုအသင်းကိုလည်း ပြန်ရောက်သွားရော ထိပ်တန်းဂိုးသွင်းရှင်ဖြစ်သွားတာပဲ။ အဲဗာတန်မှာ လူကာကူရှိနေတုန်းက အဲဗာတန်အသင်းက လူကာကူရဲ့ကြံ့ခိုင်မှုကို အသုံးပြုပြီး ကစားတယ်။ ဒါပေမယ့် မန်ယူကိုရောက်တော့ သူတို့အဲဒီအချက်ကို အသုံးမပြုကြဘူး။ အဲဒါတောင် လူကာကူအနေနဲ့ ကောင်းမွန်တဲ့ပုံစံနဲ့ စတင်နိုင်ခဲ့ပါတယ်"

"လူကာကူ ဂိုးသွင်းယူအပြီး အောင်ပွဲမခံတာဟာ အသင်းဖော်တွေကိုရော သူ့ကိုယ်သူပါ လေးစားမှုမရှိတာလို့ပဲ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ အဲဒီလုပ်ရပ်ဟာ နည်းပြရဲ့ချဉ်းကပ်တဲ့ပုံစံကို ရောင်ပြန်ဟပ်တာပဲ"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD