AD
AD
AD

တစ်ပတ်လျှင် ပြောင်းရွှေ့ကြေး ပေါင် ၄၀၀၀၀၀ နဲ့ အာဆင်နယ်အသင်းမှ တိုက်စစ်မှူး ဆန်းချက်ကို တရုတ် စူပါလိဂ်ကလပ် အသင်းတစ်သင်း ဖြစ်တဲ့ ဟယ်လ်ဘေး အသင်းက ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

play

 

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆန်းချက်ဟာ လာမယ့် နွေရာသီမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်သလို အသင်းပြောင်းဖို့ လည်း သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

 

လက်ရှိမှာ ဆန်းချက်ကို မန်စီးတီးအသင်းက ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပေမယ့်လည်း ယခုလို တရုတ်စူပါလိဂ်ကလပ်က မြင့်မားတဲ့ လုပ်ခလစာနှုန်းနဲ့ ဆန်းချက်ကို ကမ်းလှမ်းခဲ့တာလည်း ဖြစ်ပါတယ်။

မူလက မန်စီးတီးအနေနဲ့ ဆန်းချက်ကို ပေါင် သန်း ၆၀ နဲ့ ပြီးခဲ့တဲ့ နွေရာသီကတည်းက ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း အာဆင်နယ်အသင်း က မိုနာကို တိုက်စစ်မှူး လီမာကို မရရှိခဲ့တာကြောင့် ဆန်းချက်ကို မရောင်းထုတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆန်းချက်ကို ယခုလို မြင့်မားတဲ့ လုပ်ခလစာနဲ့ ကမ်းလှမ်းလိုက်တဲ့ ဟယ်လ်ဘေး အသင်းမှာ ဥရောပ ထိပ်တန်းကစားသမားများ ဖြစ်ကြတဲ့ လာဗက်ဇီနဲ့ ယခင် အာဆင်နယ်ကစားသမားတစ်ဦးဖြစ်ခဲ့ဖူးသူ ဂါဗင်ဟိုတို့ကိုလည်း ခေါ်ယူထားတဲ့ အသင်းဖြစ်ပါတယ်။

လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာတော့ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ဆန်းချက်နဲ့ အိုလ်ဇေးကို ရောင်းထုတ်မှာ မဟုတ်ဘူး လို့ ထုတ်ဖော်ပြောထားတာကြောင့် အသင်းမှာ ဆက်ရှိနေမလား မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာတွေကြောင့် အခြားအသင်းတစ်သင်း သင်းကို ပြောင်းသွားမလား၊လာမယ့် နွေရာသီမှာ နှစ်ယောက်စလုံးကို အာဆင်နယ်အသင်း အလွတ်ထွက်ခွာခွင့်ပြုရမလားဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD