play

 

မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြဟောင်း လူးဝစ်ဗန်ဟားဟာ မန်ချက်စတာယူနိုက်တက်အသင်းကို မကျေနပ်တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

လူးဝစ်ဗန်ဟားဟာ မိမိအနေနဲ့ အသင်းအတွက် FA ဖလားကို ရယူပေးခဲ့ပေမယ့် ထုတ်ပယ်ခံခဲ့ရတာကို နားမလည်နိုင်အောင် ဖြစ်မိကြောင်း ပြောကြားခဲ့ပါတယ်။ Mirror သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မိမိအနေနဲ့ ကလပ်အသင်းနည်းပြအလုပ်ကို ထပ်မလုပ်ချင်တော့ပေမယ့် ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းက ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ မန်ချက်စတာယူနိုက်တက်အသင်းကို လက်စားချေဖို့အတွက် လက်ခံသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

"အရှင်းဆုံးပြောရရင် ကလပ်အသင်းနည်းပြလုပ်ဖို့ စိတ်ကူးမရှိတော့ပါဘူး။ ဒါပေမယ့် ခြွင်းချက်တစ်ခုအနေနဲ့ အင်္ဂလန်ကလပ်အသင်းကြီး တစ်သင်းကသာ ကျွန်တော့်ကို လာပြီး ကမ်းလှမ်းမယ်ဆိုရင်တော့ လက်ခံမိမှာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒါက ယူနိုက်တက်အသင်းကို ပြန်ပြီး လက်စားချေနိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်နေလို့ပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

ဆက်လက်ပြီး ဗန်ဟားက မိမိကို နည်းပြရာထူးကနေ မထုတ်ပယ်ခင်ကတည်းက လက်ရှိနည်းပြမော်ရင်ဟိုကို ခန့်အပ်ဖို့အတွက် အက်ဒ်ဝုဒ်ဝပ်ဒ်ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီးတော့ ပြောကြားခဲ့ပါသေးတယ်။

"သူ့အနေနဲ့ ကျွန်တော့်ကို ကြိုတင်အသိပေးသင့်တာပေါ့။ ဒီလိုမျိုးကိစ္စတွေက ကျွန်တော်တို့ကြားမှာ ဆွေးနွေးလို့ရတဲ့ ကိစ္စပါ။ ကျွန်တော့်နေရာမှာ ခန့်အပ်မယ့် မော်ရင်ဟိုကို ကျွန်တော်က သွားပြီး ရန်ဖြစ်နေမှာမှမဟုတ်တာ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video