play

 

အဲဗာတန်အသင်းဟာ အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ သီယိုဝဲလ်ကော့ကို ခေါ်ယူသွားမယ်လို့ သိရပါတယ်။

play

 

ဝဲလ်ကော့ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့တာဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၁ သိန်း ၄ သောင်းအထိ ရရှိနေသူဖြစ်ပါတယ်။ ယခုရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှ ပွဲထွက်ကစားခွင့်မရခဲ့ဘဲ ၃ ပွဲသာ လူစားဝင် ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

play

 

အဲဗာတန်အသင်းကို စတင်ကိုင်တွယ်ချိန်ကနေ ယနေ့အချိန်အထိ ရလဒ်ကောင်းတွေ ရယူပေးထားနိုင်တဲ့ နည်းပြ ဆမ်အလာဒိုက်စ်ဟာ အသင်းအတွက် နောက်ရာသီမှာ ပုံစံကောင်းတွေရရှိနိုင်ဖို့ လိုအပ်တဲ့ကစားသမားသစ်တွေ ခေါ်ယူဖြည့်တင်းလိုနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက အဲဗာတန်အသင်းရဲ့ အားထားရတဲ့တိုက်စစ်မှူး လူကာကူကို ရောင်းထုတ်ခဲ့ပြီးနောက် တိုက်စစ်မှာ ကယ်ဗာ့လီဝင်းတစ်ဦးတည်းသာ အားကိုးအားထားပြုနေရတာကြောင့် လျင်မြန်ပြီး ဂိုးပေါက်ခြိမ်းခြောက်နိုင်တဲ့ ဝဲလ်ကော့ကို ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Source & Photos: Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video