play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေဟာ စပိန်နိုင်ငံမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်အတွက် ဆီဗီလာအသင်းက လက်မှတ်ခကို ၁၃၃ ပေါင်အထိ တိုးမြှင့်ခဲ့တာကြောင့် ဒေါသထွက်ခဲ့ကြပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆီဗီလာအသင်းရဲ့အိမ်ကွင်းမှာ လက်မှတ်ခွဲတမ်း ၂၆၅၀ ခုံ ရရှိထားပြီး ဈေးနှုန်း ၂ မျိုး ၂ စားခွဲခြားထားပါတယ်။ ပထမအမျိုးအစားကတော့ ၈၉ ပေါင်ရှိပြီး ဒုတိယအမျိုးအစားအနေနဲ့ ၂၆၅၀ ထဲက ခုံပေါင်း ၂၀၀ ကို ၁၃၃ ပေါင်ဈေးနှုန်း သတ်မှတ်ထားတာဖြစ်ပါတယ်။

play

 

အချို့ယူနိုက်တက်ပရိသတ်တွေက ဆီဗီလာအသင်း သတ်မှတ်ထားတဲ့ လက်မှတ်ခဟာ အင်္ဂလန်ကနေ စပိန်ကိုလာရောက်တဲ့ လေယာဉ်လက်မှတ်ခထက်ပင် ဈေးပိုကြီးကြောင်း ပြောကြားခဲ့ကြပါတယ်။ ဆီဗီလာအသင်းဟာ လီဗာပူးအသင်းနဲ့ ကစားခဲ့တဲ့ အုပ်စုပွဲစဉ်မှာ လီဗာပူးအသင်းရဲ့ပရိသတ်တွေကို လက်မှတ်ခ ၅၄ ပေါင်သာ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video