AD
AD
AD

ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းနဲ့အတူ ပွဲထွက်ပါဝင်လာခဲ့တဲ့ တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးအနေနဲ့ ဒူးကောက်ကြော ဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ လာမယ့် ပွဲစဉ် အချို့ကို လွဲချော်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ပွဲကစားချိန် ၇၇ မိနစ်မှာ ရရှိခဲ့တဲ့ အဆိုပါ ဒူးကောက်ကြော ဒဏ်ရာကြောင့် ဂျီရူးအနေနဲ့ အနည်းဆုံး ၃ ပတ်ခန့် အနားယူရတော့မှာ ဖြစ်တယ် လို့ နည်းပြ အာစင်ဝင်းဂါးက ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

play

 

"ဂျီရူးက ဒူးကောက်ကြော ဒဏ်ရာ ရရှိခဲ့တာပါ။အနည်းဆုံး ၃ပတ်လောက်တော့ အနားယူရမယ်လို့ အသင်းဆရာဝန်က ပြောထားပါတယ်။သေ ချာတာကတော့ ဒီခရစ္စမတ်ပွဲကြပ်ကာလမှာ ဂျီရူးကို လက်လွှတ်ထားရတော့မှာပါ။ဒါပေမယ့် ကျွန်တော်တို့ ၂ရက်ကြာစောင့်ကြည့်ပါမယ့်။အဲ့ဒါ ပြီးရင်တော့ တိကျသေချာတဲ့ ဆုံးဖြတ်ချက်ကို ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။" လို့ အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လာမယ့် စနေနေ့တွင် ခရစ္စမတ် ပွဲကြပ်ကာလအဖြစ် လီဗာပူးအသင်းနဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေသလို ဒီဇင်ဘာလ အတွင်း ခရစ္စတယ်ပဲလေ့စ်၊၀က်ဘရွန်းအသင်းတို့နဲ့ အဝေးကွင်းသွားရောက်ရင်ဆိုင်ကစားရဖို့လည်း ရှိနေကာ တစ်ပတ်အတွင်း ၃ ပွဲအထိ ကစားရမှာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကာရာဘောင်ဖလား ပြိုင်ပွဲမှာ ၀က်စ်ဟမ်းကိုအနိုင်ရခဲ့တာကြောင့် ၇ နှစ်အတွင်း ပထမဆုံးအကြိမ် လိဂ်ဖလား ဆီမီးဖိုင်နယ်ကို ပြန်လည်ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

Source- Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD