AD
AD
AD

မန်စီးတီးအသင်းရဲ့ တောင်ပံ ကစားသမား စတားလင်းအနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက မန်ယူ ပရိသတ်တစ်ဦးရဲ့ လူမျိုးရေးခွဲခြားကာ ကိုယ်ထိ လက်ရောက် ကျူးလွန်ခံခဲ့ရတယ်လို့ သိရပါတယ်။

play

 

ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ မန်ချက်စတာ ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့- မန်စီးတီးအသင်းရဲ့ တောင်ပံ ကစားသမား စတားလင်းအပေါ် မန်ယူပရိသတ်တစ်ဦးဖြစ်တဲ့ အန်ဒါဆင်အနေနဲ့ လူမျိုးရေးခွဲခြားကာ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ စတားလင်းကို တိုက်ခိုက်ခဲ့သူမှာ ယခုနှစ် ရာသီအစတုန်းက ဖြစ်ပွားခဲ့တဲ့ ရန်ပွဲမှာ ပါဝင်ပက်သတ်ခဲ့သူဖြစ်လို့ ပွဲကြည့်ခွင့်ပိတ်ပင်းခြင်း ခံ ထားရသူလည်း ဖြစ်ပါတယ်။

ယနေ့ ဗုဒ္ဓဟူးနေ့မှာတော့ အဆိုပါ ပြစ်မှုကျူးလွန်သူကို အပြစ်ဒဏ်ချမှတ်ဖို့ ရှိနေပြီး အနည်းဆုံး ပွဲကြည့်ခွင့် ၅ နှစ်အထိ ပိတ်ပင်ခံရဖွယ်ရှိနေ တယ်လို့ သိရပါတယ်။

Source- City Watch

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD