မန်ချက်စတာယူနိုက်တက်အသင်းဟာ ချယ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား အီဒင်ဟာဇက်ကို ရီးရဲမက်ဒရစ်အသင်းနဲ့အပြိုင် ခေါ်ယူသွားမယ်လို့ သိရပါတယ်။

play

 

အီဒင်ဟာဇက်ဟာ လက်ရှိအချိန်မှာ ချယ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ခွဲ ကျန်ရှိနေသေးပြီး ချယ်ဆီးအသင်းက နောက်ဆုံးကမ်းလှမ်းခဲ့တဲ့ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းနဲ့ စာချုပ်သစ်ကို ငြင်းပယ်ထားတဲ့ကစားသမားဖြစ်ပါတယ်။ ချယ်ဆီးအသင်းအနေနဲ့ ဟာဇက်ကို လက်လွှတ်ရမှာစိုးရိမ်နေပြီး စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့အတွက် အသင်းကနေ ထွက်ခွာဖို့ ဟာဇက်အနေနဲ့ စဉ်းစားနေတာဖြစ်ပါတယ်။

play

 

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဒင်ဟာဇက်ဟာ ၂၀၁၂ ခုနှစ်က လိုင်လီအသင်းကနေ ချယ်ဆီးအသင်းကို ရောက်ရှိလာသူဖြစ်ပါတယ်။ ဟာဇက်ဟာ လက်ရှိမန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုရဲ့လက်အောက်မှာ ၂ ရာသီကျော် ကစားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ PFA က ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

play

 

၂၀၁၅ ခုနှစ် ဒီဇင်ဘာမှာ မော်ရင်ဟိုကို ချယ်ဆီးအသင်းက နည်းပြရာထူးကနေ မထုတ်ပယ်မီအချိန်မှာ ဟာဇက်နဲ့ မော်ရင်ဟိုတို့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေတယ်လို့ သိရပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြ ဇီဒန်းဟာ အီဒင်ဟာဇက်ကို ပေါင်သန်း ၉၀ နဲ့ ခေါ်ယူမယ်လို့ တရားဝင်ပြောကြားထားပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း ရီးရဲမက်ဒရစ်နဲ့အပြိုင် ခေါ်ယူသွားမယ်လို့ ပြောကြားထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video