AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား မစ်ခီတာယန်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလက ချယ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နောက်ပိုင်းမှာ ပွဲထွက်ကစားခွင့်ပျောက်ဆုံးခဲ့ပြီး နည်းပြ မော်ရင်ဟိုက အရန်ခုံမှာသာ ထိုင်စေခဲ့တာဖြစ်ပါတယ်။

play

 

မစ်ခီတာယန်ဟာ ချယ်ဆီးအသင်း၊ လီဗာပူးအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိဘဲ နည်းပြ မော်ရင်ဟိုရဲ့ စိတ်ပျက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မစ်ခီတာယန်ကလည်း ယင်းပွဲစဉ်တွေမှာ မော်ရင်ဟို အသုံးပြုခဲ့တဲ့ နည်းစနစ်နဲ့ပတ်သက်ပြီး သဘောမတူကြောင်း ပြောကြားခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုဇေးလ်ကို ခေါ်ယူနိုင်ဖို့အတွက် မစ်ခီတာယန်ကို လာမယ့်ဇန်နဝါရီလမှာ ရောင်းချသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ မော်ရင်ဟိုက မစ်ခီတာယန်အတွက် အသင်းမှာ ဆက်လက်ရှိနေဖို့ မျှော်လင့်ချက်နဲ့ အခွင့်အရေးပေးတဲ့အနေနဲ့ ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ကာရာဘောင်ဖလားပွဲစဉ်မှာ ပါဝင်ကစားခွင့်ပြုခဲ့တာဖြစ်ပါတယ်။

play

 

မစ်ခီတာယန် ပြန်လည်ပါဝင်လာနိုင်မလားလို့ မေးမြန်းခဲ့တဲ့အခါ မော်ရင်ဟိုက "သူ ပြန်ပါလာမှာပါ"

"ဒီပွဲအတွက် ကျွန်တော် အပြောင်းအလဲနည်းနည်း လုပ်ထားပါတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘရစ်စတိုလ်စီးတီးအသင်း ချန်ပီယံရှစ်မှာ အကောင်းဆုံးအသင်းထဲက တစ်သင်းဖြစ်နေလို့ပါ။ ကျွန်တော့်အတွက်ကတော့ အခု ချန်ပီယံရှစ်ပြိုင်ပွဲဟာ လွန်ခဲ့တဲ့ ၅ နှစ်၊ ၁၀ နှစ်လောက်က ချန်ပီယံရှစ်မဟုတ်တော့ပါဘူး"

"ချန်ပီယံရှစ်ပြိုင်ပွဲမှာကစားနေတဲ့ အရည်အသွေးမြင့်တဲ့အသင်းတွေ၊ ကစားသမားတွေ အများကြီးရှိပါတယ်။ သူတို့အနေနဲ့ အခုအချိန်မှာ ပရီးမီးယားလိဂ်မှာ ကစားမယ်ဆို လွယ်လွယ်ကူကူနဲ့ ကစားနိုင်နေပါပြီ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီပွဲကို အလေးအနက်ထားရပါမယ်။ ဒါပေမယ့် ကျွန်တော် အပြောင်းအလဲနည်းနည်းတော့လုပ်ထားတယ်။ မစ်ခီတာယန် ပြန်ပါလာဖို့ကတော့ ဖြစ်နိုင်ပါတယ်"

"အခုအချိန်မှာ ကျွန်တော်တို့အသင်းမှာ မာတာ၊ ရက်ရှ်ဖို့ဒ်၊ လင်ဂတ် ဒါမှမဟုတ် မာရှယ်၊ လူကာကူတို့နဲ့ ကစားနေတယ်။ အရန်ခုံမှာ မိုဗစ်ရယ်၊ သူတို့တွေထဲက တစ်ယောက်ယောက်ရှိနေလိမ့်မယ်။ မာရှယ် ဒါမှမဟုတ် ရက်ရှ်ဖို့ဒ်ပေါ့"

"အားလုံးအတွက်တော့ နေရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အရန်ခုံမှာလည်း ညီမျှအောင်ထားဖို့ လိုအပ်တာပဲလေ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD