AD
AD
AD
play

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူး အီယန်ရိုက်ဟာ ယခုရာသီမှာ ဆန်းချက်ဇ်ရဲ့ အသင်းအပေါ် ထားရှိတဲ့ အာရုံစူးစိုက်မှုနဲ့ပတ်သက်ပြီး ဝေဖန်ပြောကြားခဲ့ပါတယ်။

play

 

BT Sport ရုပ်သံအစီအစဉ်ရဲ့ ဘောလုံးဝေဖန်သုံးသပ်သူဖြစ်တဲ့ အီယန်ရိုက်ဟာ ဆန်းချက်ဇ်ရဲ့ကစားပုံဟာ စိတ်ပါဝင်စားမှုမရှိဘဲ တာဝန်ကျေရုံသာ ကစားပေးနေတာလို့ ဝေဖန်ခဲ့ပါတယ်။

"ဆန်းချက်ဇ်ကို ကြည့်ရတာ အလုပ်လာဆင်းနေတဲ့ ဝန်ထမ်းတစ်ယောက်လိုပဲ။ သူ့ရဲ့အသင်းအပေါ်မှာထားတဲ့ အာရုံစူးစိုက်မှု၊ ကြိုးစားအားထုတ်မှုက မေးခွန်းထုတ်စရာပါပဲ။ အသင်းအတွက် လုံလောက်တဲ့ပေးဆပ်မှုမျိုးလည်း မရှိဘူး။ ဒီအတိုင်းသာ ဆက်ကစားသွားမယ်ဆိုရင် ဇန်နဝါရီလကျရင် အသင်းနဲ့ လမ်းခွဲရတော့မှာပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

အီယန်ရိုက်ဟာ ဆန်းချက်ဇ်အနေနဲ့ အသင်းဖော် အိုဇေးလ်နဲ့ လီဗာပူးအသင်းရဲ့ကွင်းလယ်ကစားသမား ကော်တင်ဟိုတို့ရဲ့ စိတ်ဓာတ်ကို အတုယူသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ကော်တင်ဟိုဆိုရင်လည်း လီဗာပူးအသင်းကနေ ထွက်ခွာချင်ခဲ့တာပါ။ အိုဇေးလ်လည်း အတူတူပါပဲ။ ဒါပေမယ့် ကော်တင်ဟို လီဗာပူးအသင်းအတွက် ဘယ်လိုကစားပေးနေလဲ၊ အိုဇေးလ်ရော အာဆင်နယ်အသင်းအတွက် ဘယ်လိုကစားပေးနေလဲ ကြည့်ကြည့်လိုက်ပါ။ အိုဇေးလ်က အာဆင်နယ်အသင်းမှာ ဆက်ရှိနေမယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့် သူ အာဆင်နယ်အသင်းမှာ ရှိနေတဲ့အချိန်မှာ ပရိသတ်တွေ သူ့ဆီကနေ မျှော်လင့်ထားတဲ့ပုံစံအတိုင်း သူ ကစားပြနေပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ အသင်းကနေ ထွက်ခွာချင်တယ်ဆိုရင်တောင် အသင်းမပြောင်းခင်မှာ အသင်းအတွက် အရာအားလုံးပေးဆပ်ကစားပေးရမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD